✿Pain of Love (Part-5)
ကားလေးမောင်းနှင်လာသည့် လမ်းတစ်လျှောက် နှစ်ဦးသားတိတ်ဆိတ်နေမိသည်။ Jonginဘာကြောင့်မှန်းမသိ ဒီလိုနှစ်ယောက်တည်းရှိနေချိန်မှာ ဘာစပြောရမလဲတောင် စဉ်းစားလို့မရ Kyungsooကတော့ Jonginကားမောင်းနေတာ အနှောင့်အယှက်ဖြစ်မှာဆိုး၍ ဘာစကားမှမပြောဘဲ အေးဆေးစွာလိုက်လာလေသည်။
Jongin : El Dorado Airport မှာ သွားကြိုရမှာမလား
တိတ်ဆိတ်ငြိမ်သက်မှုကို စတင်ဖြိုခွဲလိုက်သူကတော့ Jonginပင်
Kyungsooး အင်းလေ
တိတ်ဆိတ်မှုက ပြန်၍လွှမ်းခြုံသွားလေသည်။
Jongin:Kyungsooးး ဒါနဲ့
နှစ်ယောက်သားတစ်ပြိုင်နက်စကားဆိုမိကြတော့
Jongin : မင်းအရင်ပြောလေ
Kyungsooး ငါ့ကိုဘာလို့လိုက်ပို့တာလဲဟင်
Jongin : စိတ်မချလို့ပေါ့
စိတ်လွတ်ပြီးပြောလိုက်မိသည့်စကားကြောင့် Jonginရှက်ကိုးရှက်ကန်းဖြစ်သွားသလို Kyungsooလည်းကြောင်တောင်တောင်ဖြစ်သွားရသည်။
Jongin : ငါပြောတာက အဲ့လိုလေဆိပ်ကိုတစ်ယောက်တည်းသွားတာ မကောင်းဘူးလေ နှစ်ယောက်သွားတော့မင်းလည်းမပျင်းရတော့ဘူး
Kyungsooး အင်းပါ ငါလည်းဘာပြောနေလို့လဲ
Kyungsooစိတ်ထဲတွင်တော့ပီတိဖြစ်နေသည်။
El Dorado Airportကိုရောက်တော့ Kyungsoo Jonginကိုတောင်မစောင့်ပဲ လေဆိပ်ထဲသို့ ပြေးဝင်သွားသည်။Jongin'pov : သူ့ချစ်သူပြန်လာမှာမို့တော်တော်ပျော်နေတယ်ထင်တယ်
Kyungsoo : Jongin-ya အမြန်လာလေ
Kyungsooလက်နှစ်ဖက်ကို ဝှေ့ ယမ်းကာ Jonginကို လှမ်းအော်ခေါ်နေသည်။Kyungsooး ဒါနဲ့Jongin အမေရိကားကplaneကဘယ်တော့ရောက်မှာလဲ
Jongin : ဟိုမှာလေ LED Signboard မှာပြထားတယ်
Kyungsooး 10:30ပဲ ဒါနဲ့ Jonginအခုဘယ်နှနာရီလဲ
Jongin : မင်းနာရီမပတ်လာဘူးလား
Kyungsooး ဖြေမှာသာဖြေစမ်းပါကွာ
Jongin : 10:20 😒😒😒
YOU ARE READING
Pain of love
Fanfiction#Kaisoo yaoi fanfiction written by Supopo Tun အဓိက ပြောချင်တာကတော့ ဒီficဟာ ကျနော်ရေးတာ မဟုတ်ပါဘူး..... ကျနော့်ရဲ့ အချစ်ရဆုံးသူငယ်ချင်းကြီး Supopo Tunရေးတာပါ her account is @Owlet_Jong