Part-17

2.9K 167 0
                                    

✿Pain of Love (Part-17)

မထင်မှတ်ထားသောပြောင်းလဲမှုတွေနဲ့ ကံကြမ္မာကြီးကကျီစယ်လာခဲ့ရင် လူသားတွေကထိုကျီစယ်မှုကို ခံနိုင်ရည်ရှိပါ့မလား ??

     Exodus Company ထဲရှိ ဝန်ထမ်းတွေနှင့်လူအများအပြား ကိုယ့်တာဝန်နှင့်ကိုယ် အလုပ်ရှုပ်နေကြသည်။ ထိုထဲတွင်Taeminနဲ့ Krystalလည်းအပါအဝင်ပင်။

" ဒီနေ့စာရင်းပေါင်းချုပ်ချုပ်ရမှာကို မင်းဘာလို့နိုင်ငံခြားက ပစ္စည်းစာရင်းတွေကြည့်နေတာလဲ "

     Taeminကဘုဆတ်ဆတ်မေးလိုက်တော့ Krystalကလည်းပြန်လည်ချေပလေသည်။

" စာရင်းပေါင်းချုပ်ထဲမှာ နိုင်ငံခြားကပစ္စည်းစာရင်းပါ ဒီလအတွက်ကို ထည့်သွင်းဖော်ပြရမှာ ရှင်မနေ့တစ်နေ့ကမှဒီကုမ္ပဏီကို ပြောင်းလာပြီး ကျွန်မကိုဘာလို့ ဟောက်စားလာလုပ်နေတာလဲ "

" ဘာပြောတယ်ကွ ငါဘယ်မှာဟောက်ပြီးစားလို့လဲ မင်းကိုအလုပ်ခိုနေတယ်ထင်လို့ "

" ကျွန်မလေးစားတဲ့အလုပ်ကို ဘယ်တော့မှမခိုမကပ်ဘူး ရှင်ကခိုတတ်လို့ ကျွန်မကိုခိုတယ်လို့ထင်နေတာလား ommဖြစ်တတ်ပါတယ် ကိုယ့်စိတ်နဲ့နှိုင်းရင်ရိုင်းတာပေါ့နော် "

" မင်းကိုမိန်းကလေးဖြစ်နေလို့သိလား ငါ့ကိုတစ်လုံးမကျန်ပြန်ပြောနေတယ် ငါကမင်းအထက်လူကြီးနော် "

" ဟမ် ရှင်ဘယ်တုန်းကကျွန်မရဲ့အထက်လူကြီးဖြစ်သွားတာလဲ ကျွန်မက သူဌေးKim Jonginရဲ့ အတွင်းရေးမှူးးပါ "

" ငါဒီနေ့သူ့ဆီကနေမင်းကိုငှားထားတာလေ ဒီနေ့အတွက်တော့မင်းဟာငါ့အပိုင်ပဲ "  ဆိုပြီး Krystalမျက်နှာနားလေးကို ကပ်ပြောလိုက်သည်။

" အာ ဒီနေ့တော့ငါunluckyနဲ့တူတယ် ဖယ်စမ်းပါရှင့်မျက်နှာကြီး ကျွန်မအညောင်းပြေအညာပြေစီမံဌာနဘက်ကို သွားလိုက်ဦးမယ် "

" ပြန်လာရင် ငါ့အတွက်ကော်ဖီဖျော်လာခဲ့စမ်းပါ "

" သောက်ချင် ကိုယ့်ဘာသာဖျော်ပါလား "

        Krystal Taeminကိုပိတ်ဟောက်ကာ ထွက်လာလိုက်သည်။ စိတ်ထဲတွင်တော့ Taeminသူ့မျက်နှာနားကပ်လာတာကိုပဲ ပြန်ပေါ်နေသည်။ အား Krystal နင်တော့ရူးနေပြီ တကယ်ရူးနေပြီ

Pain of loveWhere stories live. Discover now