Part-4

4.7K 263 1
                                    

✿Pain of Love (Part-4)

         ညင်သာနူးညံ့မှုလေးကို ကျွန်တော်ခံစားမိနေတယ။် အရမ်းကိုနူးညံ့လှတဲ့ နှုတ်ခမ်းသားလေး။ ကျွန်တော်နှုတ်ခမ်းနဲ့ ထိတွေ့နေတဲ့နှုတ်ခမ်းသားရဲ့နူးညံ့မှုကပြောမပြတတ်လောက်အောင်ပဲ။ ထိုနှုတ်ခမ်းသားလေးရဲ့ပိုင်ရှင်က ဘယ်သူလဲ။ ဟင့်အင်း ကျွန်တော်မသိချင်ဘူး။  မျက်ဝန်းအစုံကိုမှိတ်ထားပြီးတော့ ခံစားနေရတဲ့နူးညံ့မှုလေးကိုဆက်လက်ထိန်းသိမ်းထားချင်တယ်။ 

       ထတော့ ထတော့လို့ပြောနေတယ်လေ ဘယ်နှခါတောင်ပြောရမှာလဲ

     ဟင် ဒါဘယ်ကအသံလဲ ကျွန်တော့်ရဲ့နူးညံ့စွာထိတွေ့မှုလေးပျောက်ဆုံးသွားတယ် ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့  မျက်နှာကျက်ကြီးကိုတွေ့ရတယ်  ဘေးကိုတစ်ချက်ကြည့်လိုက်တော့ ကျွန်တော့်ကိုစိုက်ကြည့်နေသောအဖိုးလေးပေါက်စ. . .

Kyungsoo : မင်းကွာ နှိုးရတာခက်လိုက်တာ

Jongin : ဟင် မင်းကဘယ်လိုလုပ်ငါ့အခန်းထဲရောက်နေတာလဲ

Kyungsoo : မင်းကိုလာနှိုးတာလေ နေပါဦး မင်းခုနကအိပ်နေတာလား ဘာလုပ်နေတာလဲ နှုတ်ခမ်းကိုချွန်လိုက်စုလိုက်နဲ့

Jongin : အိပ်နေတာပေါ့ကွ ဆိုပြီးအသံကိုကျယ်ကျယ်ပြောပြီးကာမှ ပြန်နှိမ့်လိုက်ကာ တကယ်ကိုငရှုပ်ပဲအိမ်မက်တောင်ကောင်းကောင်းမမက်ရဘူး

       တိုးညင်းစွာပြောလိုက်သောJonginအသံကို Kyungsooကြားဖြစ်အောင်ကြားလိုက်လေသည်။

Kyungsoo : ဘာ မင်းဘာပြောလိုက်တယ်

Jongin : ဘာမှမပြောပါဘူး ဘာကြားလိုက်လို့လဲ

Kyungsoo : မင်းအိပ်ယာကထပြီး ရေချိုးတော့ မင်းAppaကမင်းကိုဆုံးမဖို့အတွက်လွှတ်ပေးထားတာဆိုတော့ ငါတာဝန်အရလုပ်ရမှာပဲ

Jongin : ငါမနေ့ကပြောပြီးပြီလေ မင်းဆုံးမရမှာ  ငါ့နှလုံးသားလေးကိုပါလို့

Kyungsoo : စကားကိုအတည်ပြောပါ မင်းကိုငါဟိုတစ်ခါတွေ့သမျိုးဆိုရင် မင်းကPlayboyမလား အရှက်လည်းရှိဘူး ဟိုတစ်ယောက်နဲ့နမ်းနေတာလူမြင်ကွင်းကြီးမှာ

Pain of loveWhere stories live. Discover now