Part-13

3.6K 199 2
                                    

✿Pain of Love (Part-13)

       Baek 2နှစ်ကြာဝေးကွာခဲ့ရသောခြံဝန်းလေးကို တစ်ဝကြီးကြည့်ရှုခံစားနေလိုက်သည်။ အရာအားလုံးကတော့ တိတ်ဆိတ်ခြင်းအတိဖြင့် ကြိုဆိုလျက်ရှိနေသည်။ ခြံထဲဝင်ဖို့ဆုံးဖြတ်ပြီး လူခေါ်ဘဲလ်လေးကို နှိပ်လိုက်တော့ 'ဘယ်သူပါလဲ' ဆိုသည့် မေးသံထွက်လာတော့ ညင်သာသောအသံလေးဖြင့် 'Byun Baek Hyun mitha' လို့ဖြေလိုက်လေသည်။

        ခြံတံခါးပွင့်သွားတော့ ခြံဝန်းလေးထဲလှမ်းဝင်လိုက်ကာ ပန်းခင်းလေးကိုကြည့်ရှုခံစားလိုက်မိသည်။
     "အရင်အတိုင်းပါပဲလား"
တိုးညင်းသောပြောသံလေးနှင့်အတူ နှုတ်ခမ်းလေးကပြုံးလိုက်မိသည်။

        အိမ်ကလည်းအရင်အတိုင်းပဲပင်။ မိသားစုအငွေ့အသက်လေးဖြင့် နွေးထွေးလျက်။ အိမ်တံခါးလေးကိုညင်သာစွာဖွင့်လိုက်တော့ မြင်လိုက်ရသောသူတွေကြောင့် စိတ်အစဉ်ကလှုပ်ရှားသွားမိသည်။
Appaဖြစ်သူ Byun Yi Xing , Omma Park Joon Myeonခေါ် Park Suho / နောက်ပြီး Samchon(ဦးလေး) Park Jong Dae လူစုံတက်စုံအိမ်တွင်ရှိနေသည်။

Baek : wow လူစုံပါပဲလား အိမ်မှာဘာအစီအစဉ်ရှိလို့လဲ

Yixing : လူသစ်ကြိုဆိုပွဲလေ

Baek : ဟမ် ဘယ်လို လူသစ်ဟုတ်လားappa ဘယ်သူလဲဟင်

Suho : ဒီကommaရဲ့သားချောလေးကို ပြောတာလေ

Baek : သားက surpriseလုပ်မလို့ကို ommaတို့ကသိသွားတယ်ပေါ့

Jongdae : သိတာပေါ့ သတင်းရထားတယ်လေ Byunအိမ်တော်ရဲ့အရှင်သခင်လေးပြန်လာမှာကို

Baek : ဘယ်သူသတင်းပို့တာလဲ မဟုတ်မှလွဲရောsooလား ဒါနဲ့Appaနဲ့ Samchonတို့က company မသွားဘူးလား

Yixing : သခင်လေးပြန်လာမှာကို ကျွန်တော်မျိုးကcompanyသွားရဲပါ့မလား

Baek : appaကတော့ လုပ်ပြီ Appaရယ်လွမ်းလိုက်ရတာ
  ဆိုပြီး Baekတစ်ယောက်သူ့အဖေကိုပြေးဖက်လေသည်။

Yixing : ခရီးကပြန်လာပြီး chinguနဲ့နှစ်ညတူတူအိပ်ပြီးကာမှ ဒီအဖေဒီအမေဆီကို ပြန်လာတဲ့သူကလွမ်းတယ် ယုံလိုက်ချင်သေးတယ်

Jongdae : တောထဲမှာသွားလိုက်ယောက်ဖ

Baek : samchonနော် တွေ့တာနဲ့သားကိုစပြီ

Pain of loveWhere stories live. Discover now