Part-21

3.2K 159 0
                                    

✿ Pain of Love (Part-21)

    ** အချစ်ဆိုတာမရှိခဲ့ရင် အမုန်းဆိုတာလည်းဖြစ်လာမှာ မဟုတ်ပါဘူး **

     ကျွန်တော့်စိတ်ထဲတွင် တစ်ခုခုကိုမတင်မကျဖြစ်နေသည်။ 'မျက်လုံး' ဟုတ်တယ် တစ်ချိန်တုန်းကကျွန်တော်ချစ်ခဲ့တဲ့သူရဲ့မျက်လုံးနဲ့  အခုအရမ်းတူနေတဲ့ကောင်လေးတစ်ယောက် ထိုကောင်လေးနဲ့Hyungနဲ့က ဘာလို့တူနေတာလဲ??

" ဆရာ ကျွန်တော့်ကိုခေါ်တယ်ဆို "

" အော် Taemin  ထိုင်ဦးကွာ "

" ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲမသိဘူး "

" ပြောချင်တာထက် မေးချင်တာဆိုပိုမှန်လိမ့်မယ် "

" ဟုတ်ဆရာ မေးပါ "

        Minho တစ်ယောက် Teminမျက်လုံးကိုကြည့်ကာ

" Lee Jung Sukကို သိလား "

       Taemin ငြိမ်သက်နေပြီးကာမှ

" ကျွန်တော့် Appaပါ "

" ငါထင်တာမှန်နေတာကို  မင်းပွင့်ပွင့်လင်းလင်းပြောပါ ဦးအပေါ်ကိုမုန်းနေတယ်မလား "

" nae မုန်းခဲ့ပါတယ် နာကျည်းခဲ့တယ် ဒါပေမယ့် အဲ့အရာတွေကကျွန်တော့်ကို ပူလောင်စေလို့ အမုန်းတွေကိုဖြေလျော့နေပါတယ် "

" omm ဦးလေးမင်းကိုပြောပြစရာတွေရှိသေးတယ် တစ်ချိန်တုန်းကမင်းအဖေနဲ့ဦးက ချစ်သူတွေဖြစ်ခဲ့ဖူးတယ်ဆိုတာကော မင်းသိလား "

" nae?? ဘယ်လိုဦးလေး Appaနဲ့ဦးလေးကချစ်သူတွေလား အဲ့ဒါဆို Appaသေအောင်လို့ဘာလို့ကြံစည်ခဲ့တာလဲ "

" မဟုတ်ဘူး ဦးလေးအဲ့အချိန်တုန်းက မင်းAppaကိုအထင်လွဲခဲ့တာ ဦးလေးနိုင်ငံခြားကိုပညာသွားသင်ပြီးပြန်လာတော့ မင်းAppaက လက်ထပ်ပြီးသွားပြီ ဦးလေးစိတ်ထဲလည်းခံပြင်းသွားတယ် ကလဲ့စားချေဖို့ကြိုးစားခဲ့တယ် အဲ့အချိန်တုန်းကလိုက်ရှာခဲ့ပေမယ့် မင်းတို့မိသားစုကပြောင်းသွားကြတယ်လေ ပြန်တွေ့တဲ့အချိန်ကျတော့ မင်းတောင်၁၉နှစ်သားလောက်ဖြစ်နေပြီ သူကမင်းOmmaကို ပိုက်ဆံမက်ပြီးယူလိုက်တယ်ထင်လို့ သူဦးစည်းနေတဲ့ သူ့မိန်းမCompanyကို ပြိုလဲအောင်ဦးလေးလုပ်ခဲ့တယ် ဒါပေမယ့် သူအဲ့လောက်ဖြစ်သွားလိမ့်မယ်လို့ဦးလေးမထင်ခဲ့ဘူး ဦးလေးရဲ့အတ္တကြောင့်ပါ ဦးလေးတောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါနော် " 

Pain of loveWhere stories live. Discover now