Part-9

3.6K 211 1
                                    

Pain of Love (Part-9)

     ဖုံးကွယ်ထားတဲ့နာကျင်မှုက မေးခွန်းလေးတစ်ခုကြောင့်နဲ့ ဝမ်းနည်းမှုပါထပ်တိုးသွားမယ်ဆိုရင် ကျွန်တော်မေးလိုက်တဲ့မေးခွန်းက သူ့အတွက် အရမ်းကိုနာကျင်စေခဲ့ပြီ်နဲ့တူတယ်။

     Kyungsooနဲ့Baekရဲ့ မျက်ဝန်းထဲမှာတစ်စုံတစ်ခုကို ရှုပ်ထွေးနေတယ်ဆိုတာကို ကျွန်တော်သတိထားမိလိုက်တယ်။ ဒါပေမယ့် ကျွန်တော်သူတို့သိချင်တဲ့အရာအတွက် လုံလောက်မှုကို မပေးချင်ဘူး။ မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေကို တခြားသူတွေကို ယုံယုံကြည်ကြည်နဲ့ပြောပြရလောက်အောင် ကျွန်တော့်စိတ်ကအဆင်သင့်မဖြစ်သေးဘူး။

Jongin : Baek အလုပ်ကိစ္စကိုနောက်မှထပ်ဆွေးနွေးကြတာပေါ့ KyungsooငါHyungဆီသွားလိုက်ဦးမယ်

Kyungsoo : omm

      ကျွန်တော်Hyungကိုစိတ်ပူနေတာတော့ အမှန်ပင်။ Hyungမျက်နှာပျက်သွားသည်ဆိုတော့ စိတ်ဆိုးသွားတာလား ဝမ်းနည်းသွားတာလားဆိုတာ ကျွန်တော်သေချာဝေခွဲလို့မရ။

Baek : ငါမေးတာမှားသွားပြီထင်တယ်

Kyungsoo : အင်းပါ သိပ်ပြီးတော့စိတ်ထဲထားမနေနဲ့ သူစိတ်မဆိုးလောက်ဘူးလို့ငါထင်တယ်

Baek : စိတ်ဆိုးပြီးငါ့ကိုအော်သွားရင် တော်သေးတယ် အခုကသူဝမ်းနည်းသွားတာ ငါ့ကြောင့်လူတစ်ယောက်စိတ်ထိခိုက်သွားတယ်ဆိုတဲ့ အသိက ငါ့ကိုပိုပြီးစိတ်မကောင်းဖြစ်စေတာ

Kyungsoo : မင်းစိတ်မကောင်းဖြစ်နေတာကို ငါနားလည်ပါတယ် မင်းစိတ်ပေါ့သွားအောင် နောက်ပြီးသွားတောင်းပန်လိုက်လေ

Baek : omm အဲ့လိုပဲလုပ်ရမှာပေါ့

       သူ့မျက်ဝန်းထဲကဝမ်းနည်းမှုတွေကို မြင်လိုက်ရတဲ့ တစ်ခဏမှာ ကျွန်တော့်ဆီကိုပါ ဝမ်းနည်းမှုတွေကူးစက်လာသလိုပဲ

Jongin : Hyung ကျွန်တော်ဝင်လာခဲ့မယ်နော်

     အထဲကဘာအသံမှမကြားတာကြောင့် ကျွန်တော်အခန်းထဲသို့ ဝင်သွားလိုက်သည်။

Jongin : Hyungအိပ်နေတာလား

      ကျွန်တော်ကမေးသာမေးနေတာ Hyungကကုတင်ပေါ်မှာ မလှုပ်မယှက်

Pain of loveWhere stories live. Discover now