Part-6

3.9K 241 1
                                    

✿Pain of Love (Part-6)

         Jonginနောက်ကြည့်မှန်ကနေ သူ့နှလုံးသားလေးကို အကဲခတ်နေမိသည်။  အရှေ့ခန်းကိုကြည့်ပြီးနှုတ်ခမ်းလေးဆူလိုက် မျက်စောင်းလေးထိုးလိုက်ဖြင့် တစ်ယောက်တည်းလွတ်လပ်စွာပြုမူနေသည့် ပုံလေးက ကလေးလေးတစ်ယောက်လို
ချစ်ဖို့ကောင်းလှသည်။

         အခုလည်းအိပ်ပျော်နေတာ မနိုးတော့ဘူးထင်တယ် ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူ့အိပ်ခန်းကို လိုက်ပို့ဖို့အခွင့်အရေးလေးရသွားတာပေါ့

         ကားလေးကတော့ခြံဝန်းကျယ်ကြီးထဲသို့ ရောက်ရှိသွားလေသည်။

Baek : ဟင် sooကအိပ်တောင်ပျော်နေပြီ Jongin ဝင်ရင်ဝင်နှင့်လေ ငါsooကိုနှိုးပြီး လိုက်လာခဲ့မယ်

Jongin : arnyi Baek ငါပဲနှိုးလိုက်ပါ့မယ် မင်းငါ့အိမ်ကိုအရင်ဝင်ပြီးလေ့လာနေလိုက်လေ

Baek : omm Jongin

        Baekနောက်ဖုံးထဲက အိတ်တွေယူပြီးအထဲဝင်သွားချိန်မှာတော့ Jongin Kyungsooကိုနှိုးဖို့ အနောက်တံခါးကို ဖွင့်လိုက်လေသည်။

Jongin : အိပ်နေတဲ့ပုံလေးက တော်တော်လေးကိုစွဲဆောင်နိုင်တာပဲ

        Jongin Kyungsooနဖူးထက်ကို အနမ်းတစ်ပွင့်ခြွေလိုက်ပြီး ကားထဲကနေ ပွေ့ထုတ်လိုက်လေသည်။ အိမ်ထဲရောက်တော့ Baekတစ်ယောက် ဟိုကြည့်ဒီကြည့်ဖြင့် စပ်စုနေသည်ကို တွေ့လိုက်ရသည်။ 
Jongin : Baekခဏနေဦးနော် Kyungsooကိုအခန်းထဲသွားပို့လိုက်ဦးမယ်

Baek : ရပါတယ်ကွာ သူ့သာသေချာပို့ခဲ့ မနိုးစေနဲ့နော် သူအိပ်ကောင်းလို့နိုးသွားရင် ရစ်လို့မပြီးတော့ဘူး

Jongin : တော်သေးတာပေါ့ ငါခုနကမနှိုးလိုက်မိလို့

Baek'pov : Jonginမရိုးတော့တာတော့ သေချာနေပြီ

        Jongin Kyungsooအခန်းကိုသေချာကြည့်နေမိသည်။ အပြင်အဆင်လေးက သေသေသပ်သပ်ဖြင့် လှပလှသည်။ ကုတင်ထက်တွင် Kyungsooကိုချလိုက်ပြီး သူပါကုတင်နားတွင် ဒူးထောက်ထိုင်ကာ Kyungsoo မျက်နှာလေးကို ကြည့်နေမိသည်။

Jongin : ငါဘယ်လောက်ပျော်သွားလဲဆိုတာမင်းသိလား မင်းကိုBaekနဲ့ချစ်သူတွေလို့ထင်ထားခဲ့တာ တော်သေးတာပေါ့ ငါဖြစ်စေချင်တဲ့အတိုင်း သူငယ်ချင်းတွေဖြစ်နေလို့
Jongin : မင်းကိုငါအရမ်းချစ်နေမိပြီ အရာရာမှာငါသတ္တိရှိခဲ့ပေမယ့် မင်းကိုဖွင့်ပြောရမှာကျတော့ ငါသတ္တိနည်းနေမိတယ် နောက်ပြီး မင်းမယုံမှာကိုလည်း ငါသေလောက်အောင်ကြောက်မိတယ် မင်းကိုငါ့အနားမှာအမြဲရှိနေစေချင်တယ် ငါလောဘကြီးတာတော့မဟုတ်ပါဘူးနော် ဘယ်သူမဆိုချစ်တဲ့သူတိုင်းကို အနားမှာရှိနေစေချင်တာပဲလေ အရမ်းချစ်တယ်Kyungsoo

Pain of loveWhere stories live. Discover now