Part-22(Final)

6.8K 263 0
                                    

✿ Pain of Love (Part-22) [ Final Part ]

အချစ်ဆိုတဲ့ခံစားမှုက ချိုမြိန်တယ်ဆိုရင် ကျွန်တော့်အတွက်သူ့ရဲ့အနမ်းက ချိုမြိန်ခြင်းဆိုတဲ့အရာထက် ကျော်လွန်တယ်
ကျွန်တော်သူ့ကိုချစ်တယ် သူရဲ့အရာရာတိုင်းပဲ..
အနက်ရောင်မျက်ခုံး နီညိုရောင်မျက်ဝန်း ဖြောင့်တန်းနေတဲ့နှာတံလေးနဲ့ စွဲမက်ဖွယ်ပန်းဆီရောင်အသည်းပုံနှုတ်ခမ်းသားလေးတို့က ကျွန်တော့်ကိုရူးလောက်အောင် ဆွဲဆောင်နိုင်တယ်

ရင်ခွင်ထဲကသူ့မျက်နှာလေးကိုအုပ်မိုးပြီး တစ်စိမ့်စိမ့်ကြည့်ရင်းနဲ့မှ နှုတ်ခမ်းသားလေးဆီအကြည့်ရောက်တော့ စိတ်မထိန်းနိုင်စွာ အနမ်းတစ်ပွင့်ကိုခြွေချလိုက်မိသည်။ ကျွန်တော်ဆေးရုံကပြန်ဆင်းလာတည်းက ကလေးလေးကကျွန်တော့်နဲ့အတူတူလာနေပေးသည်။ ခြေထောက်အကောင်းပကတိအတိုင်းပြန်ဖြစ်သွားပေမယ့် စိတ်မချနိုင်တဲ့ကလေးလေးကြောင့် ကားကိုကိုယ်တိုင်မမောင်းရတော့ပေ။ ကုမ္ပဏီသွားရင်လည်း သူမောင်းတဲ့ကားလေးကို အေးဆေးစွာထိုင်စီးရသည်။ မင်းကိုယ့်ကိုအဲ့လောက်ဂရုစိုက်တဲ့အတွက် ကိုယ်မင်းကိုအသက်ထက်ပိုချစ်တယ်။ နှုတ်ခမ်းသားလေးကို ထပ်မံအနမ်းခြွေလိုက်တော့ ရင်ခွင်ထဲကကိုယ်သေးသေးလေးက လူးလွန့်လာသည်။

" Jongin-ah နိုးနေတာကြာပြီလား "

" ကြာပေါ့ "

" ငါ့ကိုနှိုးလိုက်တာမဟုတ်ဘူး "

စကားပြောသာပြောနေတာ မျက်လုံးကမဖွင့်သေးသော ကျွန်တော့်ရဲ့Babyလေးနဖူးပေါ်သို့ အနမ်းတစ်ပွင့်ခြွေပြီးကာမှ

" babyအိပ်ရေးပျက်မှာဆိုးလို့ နောက်ပြီးbabyအိပ်နေတာကို ကြည့်နေရတာသဘောကျလို့ "
အဲ့တော့မှနှုတ်ခမ်းလေးကအပြုံးပန်းဆင်ကာ မျက်လုံးလေးပွင့်လာလေသည်။

" ငါ့ကိုအဲ့လောက်တောင်ချစ်တာလား "

" ချစ်တာပေါ့ အများကြီးချစ်တယ် "

" လူကိုရင်ခုန်အောင်လုပ်နိုင်တယ် " ဆိုပြီး မျက်စောင်းလေးတစ်ပွင့်က ကျွန်တော့်ဆီသို့ ကြွေဆင်းလာသည်။ သူကောဘာထူးလို့ လူကိုအမျိုးမျိုးပြုစားနေတာ

Pain of loveWhere stories live. Discover now