Part-8

3.5K 236 2
                                    

ှ✿Pain of Love (Part-8)

       မထင်​မှတ်​​သော ​တွေ့ဆုံမှု​လေးက သူတို့နှစ်​​ယောက်​အတွက်​ ဆန်းကြယ်​​သောအံ့သြမှု​လေးကို ဖြစ်​​ပေါ်​စေနိုင်​လေသည်​။

Baek : မင်း. . . မင်း. . .

Boy : ငါ့ကိုမှတ်မိသေးသားပဲ ဒါဆိုငါပြောခဲ့တာလည်းမှတ်မိမှာပေါ့ ရေစက်​ရှိ​သေးရင်​ ပြန်​ဆုံမယ်ဆိုတာ​လေ
        သူ​လေယာဉ်​​ပေါ်မှာတည်းက ထို​ကောင်​​လေးနှင့်​​နောက်​တစ်​ကြိမ်​ပြန်​ဆုံမည်​ဆိုတာကို ကျိန်း​သေတွက်​ဆထား​ခြင်းဖြစ်သည်။ ​​​သို့​ပေမယ့်​ ဒီလိုတစ်​​နေ့တည်းမှာပင်​ ပြန်​ဆုံရမည်​ဆိုတာ​တော့ လုံးဝမထင်​မှတ်​ထားခြင်းပင်​။

Baek : ငါထင်​သားပဲ မင်းမှာ​ရောဂါတစ်​ခုခုရှိမယ်​ ဆိုတာကို ဆိုပြီးနှုတ်​ခမ်းကို မဲ့ရွဲ့ကာ​ အိမ်​ထဲ​ရောက်​တာ​တောင်​ မျက်​နှာကဟာကြီးကမချွတ်​​သေးဘူး

Boy : မျက်​နှာကဟာကြီး?? ငါလည်းထင်​တယ် မင်းengလိုမတပ်​ဘူးဆိုတာ မသိရင်​မှတ်​ထား ဒါmaskလို့​ခေါ်တယ်​ကွ

      Jonginသူမြင်​​နေရတဲ့မြင်​ကွင်းကို တကယ်​ကိုနားမလည်​​တော့ ဘာ​တွေလဲ Hyungနဲ့ Baekနဲ့က ဘယ်​လိုသိ​နေတာလဲ ရန်​ဖြစ်​​နေပုံအရဆိုရင်​ သူတို့နှစ်​​ယောက်​ ​လေယာဉ်​​ပေါ်မှာ တစ်​ခုခုဖြစ်​ထားကြတယ်ထင်သည် Kyungsooကိုကြည့်​လိုက်​​တော့ သူလည်းBaekကို အံ့သြစွာကြည့်​​နေသည်​။

      ဆတ်ဆတ်ထိမခံသောHyungနှင့် စွာတေးလန်လေးBaekတို့ရဲ့ ရန်ပွဲက ဘယ်သူအနိုင်ရမည်လဲဆိုတာကို စိတ်ဝင်စားစွာ ကျွန်တော်လည်းကြည့်နေမိသည်

Baek : ကိုယ်​​တွေကengလိုဆို အားလုံးသိတယ်​ အ​မေရိကားက​နေ​တောင်​ ဘွဲ့တစ်​ခုကိုရ​အောင်​ယူထားတာကွ you understand!!

      Baek​ဒေါသထွက်​လာတာ​ကြောင့်​ Kyungsooနားရပ်​​နေရာမှ ဟိုတစ်​​ယောက်​နားကပ်​လာကာ ခြေဖျားလေးထောက်ကာရန်​​တွေ့​နေ​လေသည်​။ Baekရန်​​တွေ့​နေပုံကချစ်​စရာ​ကောင်းလှ​ပေမယ့်​ ဟိုတစ်​​ယောက်​က Baekကိုမျက်​​တောင်​မခတ်​စိုက်​ကြည့်​​နေရာမှ

Boy : ​သြော်​ . . . အာ့ဆို မင်းရန်​​တွေ့နည်းကိုလည်းအ​မေရိကားက​နေ သင်​လာတာလား

Pain of loveWhere stories live. Discover now