Part-11

3.2K 193 1
                                    

Pain of Love (Part-11)

    "ငါမင်းကို အရာအားလုံးထက်ပိုချစ်တယ် ချစ်တဲ့အတွက်ကြောင့်လည်း မစွန့်လွှတ်နိုင်ဖြစ်ခဲ့တာ မဖြစ်နိုင်တဲ့အချစ်ကိုအစပျိုးခဲ့တဲ့ ကိုယ့်ကိုကိုယ်လည်းမုန်းမိတယ် အချိန်တန်ရင်မင်းကိုထားခဲ့ပြီး အဝေးကိုထွက်သွားရမယ်ဆိုတဲ့အသိက ငါ့ကိုအမြဲခြောက်လှန့်နေတယ် ငါဘာလုပ်ရမလဲ Jongin-ya"
  
      Kyungsoo Jonginပါးကိုကိုင်ကာ ဆွေးမြည့်မြည့်စကားတွေကို ရင်ထဲကနေကြေကွဲစွာပြောနေမိသည်။ ဝမ်းနည်းမှုရဲ့ သင်္ကေတအဖြစ် မျက်ဝန်းထဲမှလည်းမျက်ရည်များ ကျဆင်းနေသည်။ Jonginပါးကိုင်ထားသော Kyungsoo လက်ဖမိုးပေါ်သို့ နွေးထွေးမှုနှင့်အတူ လက်တစ်စုံဆုပ်ကိုင်လာတော့ Kyungsooခေါင်းငုံ့ငိုနေရာမှ မျက်ရည်များကိုကမန်းကတန်းသုတ်ပြီး မော့ကြည့်လိုက်မိသည်။

Jongin : ကိုယ်အိပ်နေတာကို babyကခိုးကြည့်တယ်ပေါ့

Kyungsoo : ဟီး. . . အဲ့လိုဖြစ်သွားလား ဒါနဲ့မင်းကနေ့ခင်းဘက်ကြီး ဘာလို့အိပ်နေတာလဲ

Jongin : ပျင်းလို့ ခုနကိုယ်ကြည့်နေတဲ့ ဇာတ်ကားကပျင်းဆာကြီး

Kyungsoo : ommစစ်ကားကြီးမလား ငါပိတ်လိုက်ပြီ

Jongin : ဟင် . . . babyမျက်လုံးတွေက ဘာလို့ရဲနေတာလဲ နေမကောင်းဘူးလား

      ခုနငိုထားတာကြောင့်Kyungsooမျက်လုံးတွေ
ရဲနေတာကိုJonginတွေ့သွားကာ အောက်တွင်ထိုင်နေသော Kyungsooကို သူ့ဘေးနားဆိုဖာထက်တွင်ဝင်ထိုင်စေသည်။ Kyungsooနဖူးလေးကိုသူ့ဘယ်လက်လေးနဲ့စမ်းပြီး သူ့နဖူးကိုညာလက်ဖြင့်စမ်းကာ အလုပ်များနေသည်။

Kyungsoo : ဘာမှမဖြစ်ပါဘူးJoginရ

Jongin : တကယ်ဘာမှမဖြစ်တာလား babyတစ်ခုခုဖြစ်နေရင် ကိုယ်ဖြစ်နေသလိုပဲနာကျင်ရတယ်

Kyungsoo : အပြောတတ်လိုက်တာ ခုနကJonginကို စိုက်ကြည့်နေလို့ ရဲသွားတာဖြစ်မယ်

Jongin : အာ့ဆို ကိုယ့်ကြောင့်ဖြစ်တာပဲ ကိုယ်ကုပေးရမှာပေါ့ ဆိုပြီးKyungsoo မျက်နှာနားကိုကပ်ကာ မျက်ဝန်းလေးကို နမ်းလိုက်လေသည်။

Kyungsoo : အဲ့လိုဆိုရင် ပျောက်ကောလား

Jongin :  ပျောက်တယ် ကိုယ့်ရဲ့အချစ်တွေထည့်ထားလို့

Pain of loveWhere stories live. Discover now