Part-14

3.1K 185 0
                                    

✿Pain of Love (Part - 14)

       ဝမ်းနည်းမှုတွေအားလုံးကနာကျင်မှုကြောင့် ဖြစ်လာတာဆိုရင် အဲ့နာကျင်မှုကကော ချစ်ခြင်းတရားကြောင့်လား . . . . . . . .

ငါ့နှလုံးသားနာကျင်နေတယ်. . . . . .
      ငါ့ရင်ထဲမှာကြေကွဲနေတယ်. . . . . . .

       Kyungsooကုတင်ထက်တွင် မှောက်လဲကာနာကျင်သမျှကို မျက်ရည်အဖြစ်နဲ့သွန်ချနေသည်။ မျက်ရည်တွေကိုသူမုန်းခဲ့ပါတယ် အရင်ကပေါ့ . . . အခုတော့ ရင်ထဲမှာနာကျင်မှုတွေ ဝမ်းနည်းမှုတွေပြည့်နေလို့ နည်းနည်းလောက်ပေါ့သွားအောင် ဆက်လက်ငိုနေခွင့်ပြုပါ
    **ငါမင်းကိုအရမ်းချစ်တယ်Jongin ကျေးဇူးပြုပြီး ငါ့ကိုဆက်ချစ်နေပေးပါနော် အချိန်တွေပြန်လှည့်လို့ရရင် မင်းနဲ့ငါနဲ့မတွေ့ခဲ့တဲ့အချိန်ကို ပြန်သွားချင်တယ်...**

"အချစ်ဆိုတာမရှိခဲ့ရင် အခုလိုနာကျင်မှုဆိုတာလည်းရှိလာမှာမဟုတ်ဘူး..."

     ***ငါခေါင်းတွေအရမ်းကိုက်တာပဲ ငိုနေလို့လားမသိဘူး ငါ့ရောဂါကြီးလည်းပျောက်ချင်ပြီ ဘဝဆိုတာနေချင်သလိုနေလို့ရပေမယ့် နေချင်သလောက်နေလို့မရလို့ ငါမင်းကိုတစ်ယောက်တည်းထားခဲ့မိတာပါ ရောဂါပျောက်ပြီးမင်းနဲ့တူတူနေချင်လှပြီ***

       အခန်းဝတွင်ကြည့်နေသောYifanလည်း
သူ့သားလေးနည်းတူငိုနေမိသည်။ အရမ်းသနားဖို့ကောင်းတဲ့ငါ့သားလေး Appaအရင်တည်းကခွဲစိတ်နိုင်ခဲ့ရင် ငါ့သားလေးဒီလိုခံစားရမှာမဟုတ်ဘူး Appaမချမ်းသာလို့ သားလေးအခုလိုခံစားနေရတာ

Tao : yeboရယ် ရှင်ဘယ်လောက်ခံစားနေရလဲဆိုတာနားလည်ပါတယ် ကိုယ့်ကိုကိုယ်တော့အပြစ်မတင်ပါနဲ့နော်

Kris : yeboရယ် သားလေးအရမ်းခံစားနေရတယ် ဟိုကောင်လေးကိုသူအရမ်းချစ်တယ်နဲ့တူတယ်

Tao : သားလေးရဲ့အချစ်ဦးပဲကို ခံစားသင့်သလောက်တော့ခံစားရမှာပေါ့ ရှင်သားလေးအတွက်ဗီဇာသွားလုပ်ပေးမလို့ဆို သွားလေyeboရယ် သားလေးကိုကျွန်မနှစ်သိမ့်ပေးလိုက်ပါ့မယ်

Kris : omm yeboကိုယ်သွားတော့မယ်

        Krisထွက်သွားတော့ Taoလည်းသူ့သားလေးအခန်းထဲသို့ဝင်သွားလေသည်။

Pain of loveWhere stories live. Discover now