✿Pain of Love (Part-19)
စစ်မှန်တဲ့အချစ်အတွက်ဆိုရင် ရင်ဆိုင်ရမယ့်အခက်အခဲက တောင်ထုကြီးလောက်ပင် ကြီးမားလှသည်။
မူးဝေမှုကိုလျစ်လျူရှုကာ နှုတ်ဖျားလေးက တစ်ယောက်သောသူနာမည်ကိုရေရွတ်နေမိသည်။
" Jongin . . . Jongin . . . karjima karjima Jongin-ah "
" သားလေး . . . သားလေး . . . သတိရပြီလား "
Tao၏တအံ့တသြအသံကြောင့် Yifanမှိတ်ထားသောမျက်လုံးကိုပွတ်သပ်ကာဖွင့်လိုက်မိသည်။
" မိန်းမ. . . သားလေးသတိရလာတာလား "
" omm ယောက်ျား ခုနကတော့ယောင်ပြီးအော်နေတယ် "
" အာ့ဆို ကိုယ်ဒေါက်တာသွားခေါ်လိုက်ဦးမယ် "
မပြေးရုံတစ်မယ်လမ်းလျှောက်ကာ Yifanတစ်ယောက်အခန်းထဲမှ ထွက်သွားလေသည်။
" omma . . . omma . . . "
Kyungsooရေရွတ်ရင်း သူ့Ommaလက်ကိုကိုင်ကာ အားယူထလိုက်လေသည်။ Taoကလည်းသူ့သားလေးလက်မောင်းကို ထိန်းကိုင်ပေးရင်း
" သားလေးဘယ်လိုနေသေးလဲ "
" ခေါင်းထဲကတော့နည်းနည်းမူးနေတယ်Omma "
" ommသား ဒါနဲ့ဘာထူးခြားတာရှိသေးလဲ သားမှတ်ဉာဏ်တွေလေ "
" ပြန်သတိရပြီလားတော့မသိဘူး ခုနကအိမ်မက်လိုလိုဘာလိုလိုမက်နေတာ Jonginလေ Jonginသားအနားကနေထွက်သွားတယ် "
ပြောရင်းဖြင့်အသံက အက်ရှရှဖြစ်လာကာ ငိုချင်သလိုဖြစ်လာသည်။ မဖြစ်နိုင်ပါဘူး Jonginသူ့အနားကထွက်သွားဖို့ဆိုတာ
" သားရယ် မဖြစ်နိုင်ပါဘူး "
ဟုတ်ပါတယ် Ommaပြောသလိုပဲ မဖြစ်နိုင်ပါဘူး အာ ကျွန်တော့်ရင်တွေဘာလို့ပူလောင်နေရတာလဲ
" Omma သား ရေသောက်ချင်တယ် "
" omm omma သွားယူပေးမယ်နော်ခဏစောင့် "
ommaထွက်သွားခါမှ ကုတင်ပေါ်ကိုပြန်လှဲပြီး မှေးနေလိုက်သည်။ စက္ကန့်ပိုင်းမျှကြာတော့ . . .
" Baby don't cry tonight . . . . . . . "
တီလုံးသံအေးအေးလေးနဲ့ သီချင်းစာသားကြောင့် လူကခေါင်းအလိုလိုမတ်လာသည်။ ဘယ်ကဖုန်းပါလိမ့် ကျွန်တော့်ဖုန်းအသံကဒီအသံမှမဟုတ်တာ ဖုန်းလာတာလားမသိဘူး
Kyungsooဇဝေဇဝါဖြင့် ကုတင်ပေါ်ကထထိုင်ကာ ဖုန်းလေးကိုယူကြည့်လိုက်တော့ ဖုန်းခေါ်တာမဟုတ် messဝင်လာခြင်းသာ Baekဖုန်းပဲ ph.passwordသိနေခြင်းကြောင့် အလွယ်တကူဖွင့်လိုက်လေသည်။ Baek passwordကိုမှတ်မိနေတာဆိုတော့ သူ့အတိတ်ကိုပြန်မှတ်မိနေပြီပေါ့။ ပျော်ရွှင်မှုကြောင့်အပြုံးတစ်ပွင့်က နှုတ်ခမ်းပေါ်တွင် လှစ်ခနဲဖြတ်ပြေးသွားသည်။
YOU ARE READING
Pain of love
Fanfiction#Kaisoo yaoi fanfiction written by Supopo Tun အဓိက ပြောချင်တာကတော့ ဒီficဟာ ကျနော်ရေးတာ မဟုတ်ပါဘူး..... ကျနော့်ရဲ့ အချစ်ရဆုံးသူငယ်ချင်းကြီး Supopo Tunရေးတာပါ her account is @Owlet_Jong