အိပ်၍မပျော်ပါ

14.2K 1K 6
                                    

•unicode

ဆေးရုံလှေကားမှကွေ့ပြီးသည်နှင့် သက်သက် လူနာအဆောင်ဘက်သို့ လျှောက်လာမိသည်။လူနာကုတင်များသည် တပြေးညီတန်းစီထားသလို စီစီညီညီကလေးနှင့် အတန်းလိုက်ရှိနေသည်။
အဆောင်ရှေ့ ကော်ရစ်တာတွင်လည်း လူနာများရော ဆရာဝန်များပါ ဖြတ်သန်းသွားလာနေသည်။

တပ်မတော်စစ်ဆေးရုံကြီးသည် လူနာအားလုံးကို နွေးထွေးစွာ ပွေ့ဖက်ထားနေသည်။
စည်းကမ်းတိကျ၍ တာဝန်ကျေပွန်သော သူနာပြုများ၊ဆရာဝန်များကလည်း လူနာများကို အယုတ်၊အလတ်၊အမြတ်မရွေး ကရုဏာရှေ့တန်းတင်၍ ဆေးကုသပေးရုံ သာမက နွေးထွေးပျူငှာသော အပြုံးနှင့်ပါ ဆီးကြိုနေသေးသည်။

စစ္စတာမမများကလည်း စစ်ယူနီဖောင်းဖြင့် သေသပ်လှပစွာ တင့်တယ်နေပါသည်။ ပခုံးပေါ်ကဘားများတွင် ရွှေရောင်ကြယ်ပွင့်များကလည်း ၀င့်ဝင့်ကြွားကြွားနှင့်။
သက်သက် မျက်နှာတွင်အားကျသော အရိပ်အရောင်များပေါ်ပေါက်နေသည်။ မိမိဝါသနာပါရာ အိပ်မက်ကို အကောင်ထည်ဖော်ခွင့်မရရှိခဲ့ပဲ မိဘ၏ပဲ့ကိုင်မူအောက်တွင် မိမိအိပ်မက်ကို မေ့မေ့ပျောက်ပျောက်နှင့် နေခဲ့ရသည်။
ကုမ္မာရီ အမျိုးသမီးဖြစ်ရချင်းအတူတူပင် ရာထူးဂုဏ်မှာ ကွာခြားနေသည်။မိမိကိုယ်ကိုမိမိအားငယ်မိသည်။

ရောက်ပါပြီ......။
သက်သက် အခန်းထဲသို့ကွေ့ဝင်လာခဲ့သည်။
အခန်းအတွင်းမှ ပြတင်းပေါက်ဘေး ကုတင်ပေါ်တွင် အခန်းဝကို မျက်နှာမူလျက်ထိုင်ကာ သတင်းစာဖတ်နေသူတစ်ဦးက သက်သက်ကိုမြင်၍ ပြုံးကာနှုတ်ဆက်၍ ကြိုနေသည်။

' စောင့်နေတာ သက်သက်လာမယ်ဆိုလို့'

သက်သက်က ယဲ့ယဲ့ပြုံးကာ ပါလာသော မုန့်များ၊သစ်သီးများကို ကုတင်ဘေး စားပွဲပေါ်တင်လိုက်သည်။ ထိုင်ခုံတစ်ခုံကို ဘေးမှဆွဲလိုက်ပြီ ထိုင်လိုက်ပြီးမှ....

' ညကသက်သက်ဖုန်းဆက်ထားတာပဲ ကိုကိုရယ်၊ လမ်းမှာ ကိုကိုစားဖို့ သစ်သီးလေးတွေဝင်ဝယ်နေလို့ နည်းနည်းနောက်ကျသွားတာ'

' နေပါစေ သက်သက်ရယ်၊ကိုကို ဆေးရုံက နောက်တစ်ရက်လောက်နေရင် ဆင်းခွင့်ရမယ်တဲ့ ၊ ကိုယ့်အတွက် ဒီကအားလုံးပြည့်စုံပါတယ်ကွ'

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now