ချစ်နေဆဲ

6.9K 584 13
                                    

•unicode

' အပြင်မှာထိုင်မလား ၊အထဲမှာပဲထိုင်မလားညီ '

' အပြင်မှာပဲ ထိုင်မယ် ၊ လေလည်းရတယ် '

' ပြီးရော အဲဒါဆိုလည်း '

ဆိုင်အပြင်ဘက်ခုံလေးတစ်ခုမှာ နှစ်ယောက်ဝင်ထိုင်လိုက်သည်။ ညနေစောင်းချိန်ဖြစ်၍ ဆိုင်ရှေ့ကားဂိတ်တွင် ကားစောင့်နေသူ သိပ်မရှိ။ ကားလမ်းကတော့ အရင်တိုင်း ကြပ်ဆဲပါ။လေအေးအေးလေးများကလည်း တိုးဝှေ့ကာ တိုက်ခက်နေသည်။ မီးရောင်စုံများဖြင့် အလှဆင်ထားသော ဤမြန်မာပလာဇာတွင်တော့ လူသူများပြားရှိနေဆဲ။ကော်ဖီဆိုင်အတွင်း၌လည်း အပြည့်နီးပါးရှိသည်။

' ဘာသောက်မလဲညီ၊ ကိုယ်သွားမှာလိုက်မယ် '

' ဘာသောက်ရမလဲ.....'

' မြန်မြန်လုပ်ပါကွ '

' Hot chocolate သောက်မယ် '

' သေချာပြီနော် '

' အင်း...၊ သေချာပြီ '

' ဒါဆို ကိုယ်သွားမှာလိုက်ဦးမယ် ၊ ထိုင်နေဒီမှာ '

ခေါင်းကိုတစ်ချက်ညိတ်ပြလိုက်သည်။
ဆိုင်ထဲကို သူကခပ်သွက်သွက် ဝင်သွားသည်။
ကောင်တာသို့သွားပြီး ကော်ဖီနှစ်ခွက်ကို မှာနေသည်။

သူ ပိန်သွားသည်။
ဟိုမှာပင်ပန်းပုံရသည်။ မျက်နှာ အနည်းငယ်ချောင်ကျနေသည်။ စားပွဲပေါ်လက်တင်ကာ မေးထောက်ပြီး ဘေးဘီကို ငေးကြည့်နေမိ၏။ လူငယ်လေးတွေ အလာများကြသည်။ ကောင်လေး၊ကောင်မလေးများသည် ပုံစံမျိုးစုံနှင့် ခပ်ချောချောလှလှလေးတွေပါ။ 

လိုင်းကားများကလည်း တစ်စင်းပြီးတစ်စင်း ဖြတ်သွားကျသည်။ခရီးသည်ကတော့ အပြည့်နှင့် ။ ညနေ ၆နာရီ ထိုးခါနီးပြီဖြစ်၍ ကောင်းကင်ကြီး​၏အရောင်က အမှောင်ဘက်ကူးလာသည်။ ခပ်ဖျော့ဖျော့ လမ်းမီးဝါဝါလေးများကလည်း ထိန်ထိန်လင်းလာ၏။အင်းယားကန်မှ တဆင့်ခံ၍ တိုက်ခက်လာသော လေနုအေးများကလည်း အေးမြမြနှင့်ရှိသည်။

' Hot Chocolate ရပါပြီဗျာ '

ကျေးဇူးပါဟုပြောပြီး သူကမ်းပေးသော ခွက်ကိုလှမ်းယူလိုက်သည်။ ပြီးနောက် တစ်ငုံမော့သောက်လိုက်သည်။
ချိုချိုခါးခါးရသာမျိုးကို သူနှစ်သက်သဖြင့် ပြုံးမိသည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now