နာရီတွေ ရပ်ထားမည်

7K 584 23
                                    

•Unicode

' သမီးငယ် နင့်အကိုကို သွားနှိုးချည်၊မနက်စာစားမယ်လို့ '

' ဟုတ်မေမေ '

ထမင်းစားခန်းမှနေ၍ ကိုကိုအခန်းရှိရာသို့ ဦးတည်၍ လာခဲ့သည်။ အခန်းရှေ့ ရောက်တော့ တံခါးကို ကျယ်ကျယ်ခေါက်လိုက်ပြီး ကိုကိုရေ ဟုခေါ်လိုက်သည်။

' မိဆုလား ဝင်လာလေ၊ တံခါးဖွင့်ထားတယ် '

အခန်းတံခါးဖွင့်ပြီး ဝင်သွားလိုက်သည်။ ဝင်ဝင်ချင်းပဲ ကုတင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ အိပ်ရာကို သပ်သပ်ရပ်ရပ် ကိုကိုက သိမ်းထားသည်။

' ဘာတုန်းပြော '

အသံကြားရာဘက်လို့ လှည့်ကြည့်မိလိုက်ရာ၊မှန်တင်ခုံအရှေ့တွင် စတိုင်အပြည့်နှင့် ရပ်နေသော ကိုကို့ကို လှမ်းတွေ့လိုက်ရသည်။

' အမယ်....ကြည့်စမ်းပါဦး၊ဆိုဒ်ပြည့်ဂိုက်ပြည့်ပါလား စောစောစီးစီး ၊ နေပါဦး ဘယ်သွားဦးမလို့လဲ ဒီနေ့၊ ဘယ်ကောင်မလေးနဲ့ ချိန်းထားတာလဲ၊မှန်မှန်ဖြေပါ ကိုယ့်အကို '

ဆုဆုက ကုတင်ပေါ်သို့ ထိုင်လိုက်သည်။
သူ့ အမေးကို ကိုကိုက သဘောကျစွာရယ်လိုက်သည်။ မှန်တင်ခုံပေါ်မှ CKတံဆိပ်ရေမွေးပုလင်းကို ယူလိုက်ပြီး လည်တိုင်နှင့် လက်ကောက်ဝတ်နှစ်ဖက်သို့ ခပ်ဖွဖွလေး ဆွတ်လိုက်သည်။

' ကောင်မလေးနဲ့ မဟုတ်ဘူး၊ကောင်လေး....ကောင်လေးနဲ့ ချိန်းထားတာ '

မိမိဘက်ကိုမလှည့်ပဲ မှန်ကိုပဲကြည့်၍ ကိုကိုကဖြေသည်။

' ကောင်လေး....ဘယ်ကကောင်လေးလဲ၊ကိုကို့ချစ်သူလား၊တကယ်ပြောနေတာလား ကိုကို၊ဝါး.....မိုက်တယ် '

' လျှောက်တွေးမနေနဲ့ဦး၊ကိုထွဋ်ကိုနဲ့ အပြင်သွားစရာ ကိစ္စလေးရှိလို့ပါ '

မိမိမှာ မကျေနပ်နိုင်သေး ။ ထို့ကြောင့် ကိုကို ရှိရာသို့ လျှောက်သွားလိုက်သည်။ ကိုကို့ အနားသို့တိုးကပ်သွားသောကြောင့် ကိုကိုက ရယ်ပြီး ဘာလဲဟုမေးသည်။

' ကိုထွဋ်ကိုနဲ့ တွဲနေတာလား ဟင်....'

ကိုကိုကမဖြေပဲ ရယ်မြဲရယ်နေသည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now