နှေးတုံ့လေးကန်သော ခြေလှမ်းများ

7.9K 607 11
                                    

•unicode

မိုးသားတိမ်တိုက်တို့က ကောင်းကင်တစ်ခုလုံးကို သိမ်းပိုက်ထားပြီး ဟိုတစ်စုသည်တစ်စုနှင့် ဖြန့်ကြက်နေရာယူထားသည်။လမင်းကြီးကတော့ တစ်စင်းတည်း အထီးကျန်စွာနှင့် ကြယ်ကင်းစင်သောည ပေတကား။

လှိုင်တက်လာသော စန္ဒကူးရနံ့က သင်းသင်းကလေးနှင့်။အေးစိမ့်စိမ့် ညလေပြေလေးက ညှင်းညှင်းကလေး တိုးဝင်လာသည်။

' မအေးဘူးလား '

' ဟင့်အင်း...ညီ အေးလို့လား '

' အင်း နည်းနည်းအေးလို့ '

' ဖျားချင်နေတာလား၊ကိုယ်စမ်းကြည့်မယ်၊ မှန်းစမ်း '

နွေးထွေးနူးညံံ့တဲ့ သူ့လက်ဖမိုးကလေးနှင့် နဖူးပေါ်သို့ ထိကပ်လိုက်သည်။

' အင်း..အဖျားလည်းမရှိပါဘူး '

နဖူးပြင်ပေါ်မှ သူ့လက်ကို လှမ်း၍ ဆုတ်ကိုင်လိုက်သည်။
သူကတော့ ခပ်ပြုံးပြုံးလေးနဲ့ ကြည့်နေရှာသည်။
သက်ပြင်းရှည်ကို သူမကြားအောင် ခပ်တိုးတိုးလေး ချမိလိုက်သည်။

' ကျွန်တော်ကြောက်တယ် အကို.....'

ဘာကိုတုန်း ဟုအရယ်တဝက်နှင့် သူက မေးသည်။

' အကို ကျွန်တော့်ကို ထားသွားမှာကိုပေါ့ '

သူ့လက်အစုံက ကျွန်တော့ ပခုံးနှစ်ဖက်ပေါ် တင်ပြီး ဖွဖွလေး ညစ်လိုက်သည်။ သွေးရောင်သန်းနေသော နှုတ်ခမ်းပါးတစ်စုံဖြင့် ကျွန်တော့နဖူးအား ဖွဖွလေး ကြင်နာစွာ ဖိနမ်းလိုက်သည်။
နွေးထွေးသွားပါသည်၊ထိုနွေးထွေးမှုက နှလုံးသားအတွင်းသို့ ကူးစက်ကာ နွေးထွေးသွားပါသည်။

' ကိုယ့်ကို ညီက မယုံဘူးလား '

' ယုံတာပေါ့....၊ သိပ်ကိုယုံတာပေါ့ ၊ ညီ မယုံရဲတာ ကံကြမ္မာကိုပဲ၊ ကံကြမ္မာဆိုတာ သိပ်လှည့်ကွက်များတယ်၊ မာယာများတယ် ၊ ဒီနေ့ ပျော်နေရပေမယ့် ၊ မနက်ဖြန်ကျ ငိုချင်ငိုရနေတာ....'

' များစမ်းပါစေ....သူဘယ်လောက်ပဲ မာယာများပါစေ အမြဲတမ်းတော့ သူအနိုင်မရပါဘူး ညီရယ်....၊ ဒီမယ် ညီ ဒီနေ့ရဲ့ ဖြစ်တည်မူဆိုတာကို ယုံကြည်နေသ၍ ၊မနက်ဖြန်ဆိုတာကို တွေးကြောက်နေစရာမလိုဘူး၊ ဒီနေ့ကိစ္စကို ဒီနေ့မှာပဲ ထားခဲ့မယ်၊ မနက်ဖြန်ရောက်ရင် မနက်ဖြန်အတွက် အားအင်တွေမွေးပြီး အသစ်သစ်သော မနက်ဖြန်တိုင်းအတွက် အားအင်အပြည့်နဲ့ ခရီးဆက်ကြမယ်၊ကိုယ့်ဘေးနားမှာ ညီရှိနေသ၍ကတော့ မနက်ဖြန်တိုင်းဟာ လှပနေမှာ အမှန်ပဲ၊ကိုယ့်အတွက် အဆိုးတွေပဲ လာမလား၊ အကောင်းတွေပဲ လာမလား ညီ့လက်ကို တွဲပြီး ရင်ဆိုင်သွားမယ် မကောင်းဘူးလားကွာ '

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now