နမ်းခဲ့ဖူးသော သူ့ပါးပြင်သို့ လွမ်းစာလေးတွေ ရေးလိုက်မည်

9.5K 579 18
                                    

•unicode

ဖုန်းမြည်သံက တိတ်ဆိတ်နေသော အခန်းတစ်ခုလုံးကို ရုတ်တရက် လွှမ်းမိုးလိုက်သည်။ ကွန်ပျူတာရှေ့ထိုင်ကာ အမှတ်စာရင်း ရိုက်နေရာမှ ဖုန်းကိုလှမ်းကိုင်လိုက်သည်။

' အေး ညီပြော '

' ကျောင်းအုပ်ကြီးက စာပေဌာနတွေကို လိုက်စစ်မလို့တဲ့ အဲ့ဒါ ဌာနမှူးက အကို့ကို လှမ်းခေါ်ခိုင်းလို့ '

' ဪ အေးအေး ကိုယ်ထွက်လာခဲ့မယ် ၊ ဒါပဲနော် လေးစား လေးစား '

တနင်္ဂနွေနေ့မို့ အေးအေးဆေးဆေး နေရမည်ထင်တာ ၊ အခုတော့ လှမ်းခေါ်ပြန်ပြီ ။ သွားရဦးမည် ။ ယူနီဖောင်းလဲလိုက်ပြီး ကားသော့ကိုယူကာ အခန်းပြင်သို့ထွက်လာခဲ့သည်။
အခန်းတံခါး ပိတ်ပြီး သူကားကို ဌာနဘက်သို့မောင်း၍ လာလိုက်သည်။

ဌာနရောက်တော့ လူတောင်စုံနေပြီ။

' lab ခန်းဘက်ရောက်နေပြီတဲ့ ၊ပြီးရင် တို့ဌာနကို အရင်ဝင်စစ်မှာတဲ့ '

ရောက်ရောက်ချင်းပဲ ကျောင်းအုပ်ကြီးက ဌာနထဲသို့ ဝင်လာသည်။ ဌာနမှူးက ဦး၍ ကြိုဆိုသည်။ စာသင်ခန်းများအား လိုက်၍ စစ်ဆေးပြီး အရာရှိတွေကို အစည်းအဝေးရှိကြောင်းပြောသွားပြီး တစ်ဖက် ဌာနသို့ သွားရောက်စစ်ဆေးသည်။

အလုပ်မရှိတော့သည်နှင့် ရိပ်သာသို့ပြန်လာခဲ့သည်။

' ကျွန်တော် ထမင်းသွားစားမလို့ လိုက်ဦးမလား အကို '

' မလိုက်တော့ဘူးကွာ ၊ ကိုယ် မဆာသေးလို့ ညီပဲသွားလိုက်တော့ '

' ဘာမှာဦးမလဲ ဒါဆို '

' တော်ပြီ ညီ ကျေးဇူးပဲ '

' ဟုတ်...ဒါဆို ကျွန်တော်သွားပြီနော် '

ခေါင်းညိတ်ပြ၍ အခန်းထဲသို့ ဝင်လာခဲ့သည်။ အင်္ကျီလဲပြီး ကွန်ပျူတာရှေ့ထိုင်လိုက်သည်။ ကွန်ပျူတာ ပြန်ဖွင့်ပြီး လုပ်လက်စ အမှတ်စာရင်းကို ပြန်ရိုက်ရန် ရည်ရွယ်ချက်နှင့် ကွန်ပျူတာကို ပါဝါဖွင့်လိုက်သည်။

ကွန်ပျူတာမျက်နှာပြင်ကို ကြည့်ရင်း ငေါင်ငေါင်လေး ခဏထိုင်ကြည့်နေမိသည်။ ကွန်ပျူတာမျက်နှာပြင်၌ နေရာယူထားသော သူ့ပုံလေးကို တွေတွေလေး စိုက်ကြည့်နေမိသည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now