ချစ်ခြင်းဟူသော အာဟာရ

8.6K 708 9
                                    

•unicode

ကျေးလက်ကျန်းမာရေးအတွက် အခြေခံပညာ မူလတန်း ကျောင်းတွင် ကျန်းမာရေးအသိပေးဟောပြောဖို့ တာဝန်ကျသည်။
၀မ်းပျက်ဝမ်းလျှောရောဂါ အဖြစ်အများဆုံး ဒေသ ဖြစ်သည့်အတွက် ၀မ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအသေးစိတ်ကို ကလေးများသိရန်သာမက ဆရာ၊ဆရာမများကိုပါ သေချာရှင်းပြခဲ့သည်။

ကလေးငယ်များ ပျော်ရွှင်နေသော ပုံရိပ်လေးတွေ မြင်ရတော့ ငယ်ဘဝကို ပြန်မြင်ယောင်မိသည်။ ငယ်ဘဝကို ပြန်တမ်းတသည်နှင့် တစ်ပြိုင်နက် အချစ်ရဆုံးသူတစ်ယောက်ကို သတိရသွားပြန်၍ ရင်ထဲ၌ စူးခနဲဖြစ်သွားသည်။
ဘိုးဘိုးဘယ်များရောက်နေမလဲ ၊ စသောစသော အတွေးများသာ ခေါင်းထဲဝင်လာတော့သည်။

ဟောပြောပွဲပြီးသည်နှင့် ပြန်လာခဲ့သည်။
ထိုမြို့၏ သာယာပုံကတော့ စိတ်ကိုကြည်နူးစရာပေ။
ရွှေရောင်တဝင်းဝင်းနှင့်စေတီများက ကြည်ညိုစရာ။
စစ်ကိုင်းတောင်ကြီးရဲ့ ခံ့ညားတည်ငြိမ်မူနှင့်အတူ တောင်ခြေအောက်က ရာဇဝင်တို့ရဲ့ သတို့သမီးကတော့ အိန္ဒြေအပြည့်နှင့် စီးဆင်းနေသည်။
စစ်ကိုင်းမြို့သည် ဘုရားရိပ်၊တရားရိပ်တို့ဖြင့် လွမ်းခြုံထားသဖြင့် အလွန်စိတ်ကို ငြိမ်းချမ်းစေသည်။

ပြန်ရောက်သည်နှင့် ရန်ကုန်သို့ပြန်ရန် အကြောင်းဖန်လာသည်။
ထို့ကြောင့်စီစဉ်ပေးသော ကားဖြင့်သာ ချက်ချင်းပြန်လာခဲ့လိုက်သည်။
စိတ်ထဲမှာတော့ အလွန်ကြည်နူးမိသည်။
ကားပေါ်မှ စစ်ကိုင်းတောင်ကြီးကို ငေးရင်းလိုက်ပါလာသည်။ ညနေ နေဝင်ချိန်ဖြစ်၍ ဧရာဝတီမြစ်ရေကြီးသည် ကြေးနီရောင်သန်းနေသည်။
နေလုံးကြီးကတော့ တရွေ့ရွေ့နှင့် အနောက်ဘက်ဆီသို့ ၀င်ရန် ဟန်ပြင်နေသည်။

သည်နေ့ရဲ့ နေမင်းကြီးကတော့ တာဝန်ကျေသွားပြီ ၊ မနက်ဖြန်ရောက်လျှင် မနက်ဖြန်ရဲ့နေမင်းကြီး ထွက်ပေါ်လာဦးမည် ။
အားသစ်အင်သစ်တွေနဲ့ လောကကို အလင်းဆောင်ပေးရန် ထွက်ပေါ်လာပေဦးမည်။
သစ်ပင်လေးများ အစာချက်လုပ်ရနိုင်ရန် နေရောင်ခြည် နွေးနွေးကလေးတွေ သူပေးစွမ်းဦးမည်။
မိမိရဲ့ နှလုံးသားအတွက် ချစ်ခြင်းဟုဆိုသော အာဟာရများ ပေးစွမ်းမည့်သူကတော့ ဘယ်သူဘယ်ဝါနည်း။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now