အရည်ပျော်ခဲ့သော နှလုံးသား

8.8K 689 8
                                    

•unicode

တဖြောက်ဖြောက်ကျနေတဲ့ မိုးရေနဲ့ နီမောင်းနေတဲ့ကောင်းကင်။လကလေးက ကွေးကွေးလေးနှင့်ရယ်။

ရင်ဝယ်ပိုက်ထားသော ဂီတာကို ကြိုးညှိနေသည်။အတွေးထဲတွင် တရိပ်ရိပ်ပေါ်လာသော သူ့ပုံရိပ်ကလေးကြောင့် ပြုံးမိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မိုးသံကလွဲ၍ တစ်စုံတစ်ရာမကြားရ။

ကျကျနနထိုင်လိုက်ပြီး ဂီတာကြိုးပေါ်သို့ လက်တင်ကာ တီးလိုက်သည်။ရည်ရွယ်ချက်မရှိပဲ တီးလိုက်မိသော သံစဉ်။ သံစဉ်ကို သေချာလေးညည်းနေရင်း အင်္ကျီအဖြူ၊ဘောင်းဘီနက်ပြာအတိုကလေးနှင့် သူ့ပုံရိပ်လေးက မျက်ဝန်းထဲ အလိုလိုပေါ်လာပြန်သည်။

အချိန်ကာလတစ်ခုထိ သိုလှောင်ထားသော ခံစားချက်တစ်ခုကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့ပဲ ဖွင့်ဟပြောလိုက်မိတဲ့ အတွက် ကျေနပ်မူရှိသလို၊ အားမလိုအားမရလည်း ဖြစ်နေမိသည်။ဖွင့်ပြောမှလည်း သိမည်မဟုတ်လား။

ဖွင့်ပြောလိုက်တာက ကိုယ်ပါ။ ဘာပြုလို့ ဖွင့်ပြောခံရသူက မရှောင်ရပဲ၊ မိမိကပဲ ရှောင်နေရသလဲ ဆိုတာတွေးကြည့်ရင် ရယ်ချင်စရာ။

သူနဲ့ မျက်နှာချင်းဆိုင်ရမှာ ရှက်နေမိသည်။ ဘယ်မိန်းကလေးကိုမှ ရင်မခုန်ခဲ့ဖူးပဲ၊ထက်ဘုန်းရှိန်ဆိုတဲ့ ကောင်လေးနဲ့တွေ့မှ ရင်ခုန်သံတွေ ချုပ်တည်းမရတော့ပဲ ဖွင့်ဟဝန်ခံလိုက်မိသည်။

သူလည်းရှက်နေမှာပေါ့။
အတွေးတွေ တသီကြီးတွေးနေရာမှာ ငုံ့ထားသော ခေါင်းကို မော့ကြည့်လိုက်မိရာ ဘုရားပင်တမိသည်။

ဖြူဖြူလေးနဲ့ နက်ပြာရောင်ကလေး။

' အခုတော့ ကျွန်တော်က အကို့အတွက်အဲ့သလောက်တောင် ကြောက်စရာကောင်းနေပြီလား '

သူက ထွဋ်ကိုရှေ့တွင် လက်ပိုင်ရင်း ကြည့်နေသည်။
' ဟာ....မ..မဟုတ်ပါဘူး ညီရယ်၊ ကိုယ်က ညီ့အကြောင်းတွေးနေရင်းနဲ့ ညီကရုတ်တရက်ပေါ်လာလို့ပါ '

' ဟုတ်ပါပြီ၊အဲသလောက်အထိလည်း ရှောင်နေစရာမလိုဘူးလို့ ထင်တယ်နော် '

ခေါင်းလေးငုံ့ပြီးမေးနေသူကြောင့် နှလုံးသားတစ်ခုအရည်ပျော်ကျသွားသည်။
ပြန်ပြောရန် စကားစချိန်တွင် အပြောမခံပဲ သူက စပြန်ပြောသည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now