မေတ္တာလမ်းဆုံ

6.9K 577 26
                                    

•unicode

အဝေးပြေးကားကွင်းထဲသို့ နံနက်စောစောကြီးရောက်နှင့်နေသည်။ ကားကတော့ မဆိုက်သေး ။ ဆိုက်ရောက်ဂိတ်အနားရှိ လက်ဖက်ရည်ဆိုင်၌ ကားအလာစောင့်ရင်း ထိုင်နေလိုက်သည်။ ဝေလီဝေလင်းနှင့် နေရောင်ကကောင်းကောင်းမရသေးပေ။ လက်ဖက်ရည်ခွက်ကို ကိုင်ရင်း တစ်ကျိုက်မော့လိုက်သည်။

နံနက်ခင်းဖြစ်သော်လည်း ကားဝင်းအတွင်း၌ လူထူနေဆဲ။ ခရီးသွားကျမည့်သူများ၊ကားဆိုက်၍ ဆင်းလာကျသော သူများနှင့် လက်ဖက်ရည်ဆိုင်လေးသည် လူအတော်အတန်ပြည့်လာသည်။

ခဏနေတော့ scaniaခရီးသွားကားတစ်စီးသည် ဆိုက်ရောက်ဂိတ် အရှေ့သို့ အသာထိုးရပ်လိုက်သည်။ ကားတံခါးပွင့်လာသည်နှင့် ခရီးသည်များက တစ်ဦးချင်း ဆင်းလာသည်။
လက်ဖက်ရည်ဆိုင်ထဲမှ ကားရှိရာသို့ ထသွားလိုက်သည်။

ကားပေါ်မှ ခရီးဆောင်အိတ်ကိုဆွဲ၍ ဆင်းလာသော သူကား ဖေဖေ။ ဖေဖေက အရင်အတိုင်းနုပျိုဆဲ။အသက်ငါးဆယ်ကျော်ရှိသော်လည်း ဇရာကိုထိန်းနိုင်သေးသည်။ ဖေဖေ့ လက်ဆွဲအိတ်ကို လှမ်းဆွဲလိုက်တော့ ဖေဖေက ပြုံး၍ကြိုသည်။

' ကားဝင်တာနောက်ကျတယ်နော် ဖေဖေ '

' အင်း......ထွက်တာနောက်ကျလို့ သားရဲ့၊သားတစ်ယောက်တည်းလား '

' ဟုတ်ကဲ့၊ကျွန်တော်တစ်ယောက်တည်းလာတာ ဖေဖေ၊ ဒါပဲလား အထုတ်တွေက '

' အင်းဟုတ်တယ် ဖေဖေသည်တစ်အိတ်ပဲ သယ်လာတာ '

' ဒါဆိုသွားမယ်လေ ဖေဖေ '

ဖေဖေကိုကြိုပြီး ရန်ကင်းအိမ်သို့ ပြန်လာခဲ့သည်။

' တပည့်တစ်ယောက်ယောက်ကို ဖေ့ဖေ့ကားပေးမောင်းခိုင်းပြီး လာရင် ရတာပဲကို ၊ ဖေဖေက ဘာလို့အပင်ပန်းခံပြီး တစ်ယောက်တည်းလာတာတုန်း 'ဟုပြောတော့ ဖေဖေကရယ်သည်။

' ကိုယ့်ကားနဲ့ ကိုယ်လာရင် ဆီဖိုးကုန်မယ်၊ လူပိုတစ်ယောက်စာ စရိတ်ကုန်တယ်ကွ၊ ဒီကားနဲ့ဆို အိပ်လိုက်လာရုံပဲ၊ နောက်ပြီး အထူးကားစီးလာတာကွ၊ ငြိမ်နေတာပဲ '

' ဖေဖေ ကပ်စေးနည်းတာလည်းပါတယ် မဟုတ်လား ' ဟုပြောတော့ ဖေဖေကသဘောကျစွာရယ်သည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now