ခိုင်မာလာသော သံယောဇဉ်

10.5K 830 7
                                    

•unicode

ညနေ၆နာရီတွင် ဂျူတီပြီးသဖြင့် စားပွဲပေါ်၌ မှတ်တမ်းအားလုံးကို သေချာသိမ်း၍ အံဆွဲထဲသို့ထည့်သည်။ထည့်ပြီးမှ စားပွဲပေါ်ရှိဘောပင်များထည့်သော ခွက်ထဲသို့ ရေးလက်စ ဘောပင်အားအဖုံးပိတ်၍ပစ်ထည့်လိုက်သည်။ ထို့နောက် သားရေလက်ဆွဲအိတ်ကို ဆွဲကာ နားနေခန်းမှထွက်၍ အဆောင်သို့ပြန်ခဲ့သည်။

အဆောင်ပြန်ရာလမ်းသည် အရင်ကလို ဆူညံမနေ အနည်းငယ်ဆိတ်ငြိမ်နေသည်။ ညမွှေးပန်းရနံ့ ခပ်စူးစူးက နှာခေါင်းထဲသို့ တိုးဝှေ့ဝင်ရောက်လာသဖြင့် သူ့နှာခေါင်းကို လက်တစ်ဖက်ဖြင့် လျှင်မြန်စွာပိတ်လိုက်သည်။ ညမွှေးပန်းရနံ့သည် သူ့အားဦးနောက်ကို မူးဝေစေသည်။ ထို့ကြောင့် သူညမွှေးပန်းကို မနှစ်သက်ပါ။

အဆောင်သို့ဦးစွာပြန်ရောက်နေသူက စစ်နိုင်။
အပေါ်ပိုင်းဗလာနှင့် ခါးတွင် တဘက်တစ်ထည်ကို စည်းထားသည်။ သူ့ကိုမြင်တော့ ပြန်လာပြီလား ဟုမေးဆိုသည်။

' အေး ဒီညဂျူတီမရှိဘူး အေးဆေးပဲ 'ဟု ပြောကာ လက်ဆွဲအိတ်အား ကုတင်ပေါ် ပစ်တင်လိုက်သည်။ အင်္ကျီကြယ်သီးတို့အား လျှင်မြန်စွာဖြုတ်ပြီ အင်္ကျီကို ပလတ်စတစ် ပုံးထဲသို့ထည့်လိုက်သည်။ ထို့နောက်ကုတင်ပေါ်သို့ ပစ်လှဲချလိုက်မိသည်။

ကုတင်ပေါ်ရှိ မွေ့ရာနှင့်ကျောနှင့်ထိသော အရသာအား ဘာနှင့်မှမလဲနိုင်ပေ။ တစ်နေ့တာပင်ပန်းသမျှ အဆောင်ပြန်ရောက်သည်နှင့် ဦးစွာဆီးကြိုနေသော တစ်ဦးတည်းသောမိတ်ဆွေ။ သူကား ကုတင်တည်း။အိစက်ညက်ညောသော အထိအတွေ့က နတ်ဘုံနတ်နန်းတည်း။
လောက၏နိဗ္ဗာန် ဟူ၍တင်စားခေါ်ဝေါ်၍ရနိုင်သေးသည်။

' ကိုယ့်လူ အိပ်မနေနဲ့ ရေချိုးလေကွာ ၊ အိပ်ရာခင်းတွေ ချွေးနံ့နံကုန်လိမ့်မယ် '

' အမယ် သူလျှော်ပေးရတာကျနေတာပဲ ၊ကိုယ့်အိပ်ရာကိုယ်အိပ်တာပဲ '

စစ်နိုင်က ရယ်၍ မင်းအနံ့ငါမခံနိုင်ဘူး ရေသွားချိုးချည် ဟုပြောသည်။

အိပ်နေရာမှထသွားခါ စစ်နိုင်အနားသို့သွား၍ ပခုံးကို ဖက်လိုက်သည်။
စစ်နိုင်က မင်းကိုယ်ကချွေးတွေနဲ့ဟု ပြောသည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now