အစပြုခဲ့သော ချစ်ခြင်း

8.5K 697 11
                                    

•unicode

မိုးစက်ကလေးများက တဖြောက်ဖြောက်နှင့် ခေါင်မိုးထက်သို့ ဖွဲဖွဲရွာကျနေသည်။ပျင်းရိစရာကောင်းလှသော တစ်နေ့တာကို အစပြုရန် အိပ်ရာမှ နိုးထလာခဲ့သည်။နံရံတွင် ချိတ်ဆွဲထားသော မှန်မှတစ်ဆင့် မြင်နေရသော ပုံရိပ်တစ်ခုကို ကြည့်ရင်း ညည်းတွားလိုက်သည်။

' အိပ်မှုန်ဆုတ်ဖွား ဖြစ်နေတာတောင် ဘာလို့ချောနေရတာလဲ ထွဋ်ကိုရယ် ၊ကြည့်ပါဦး မရိတ်ရသေးတဲ့ နှုတ်ခမ်းမွေး ၊မုတ်ဆိတ်မွေးလေးတွေက တော်တော်ဆွဲဆောင်မှုရှိနေပါလား၊ မဖြစ်ဘူးဒီဟာတွေကိုရိတ်မှဖြစ်မယ် ၊တော်ကြာ ညီပြန်လာရင် တွေ့သွားလို့ ပစ်ကြွေနေဦးမယ်'

မေးစေ့ကိုပွတ်ရင်း သဘောကျစွာရယ်လိုက်သည်။

' မနက်စောစောစီးစီး ကိုယ်ရည်သွေးစကားပြောဆိုခြင်းဟာ မင်္ဂလာတစ်ပါးပါပဲ ၊ဟား...ဟား '

ကိုယ့်စကားနှင့်ကိုယ် သဘောကျစွာရယ်ရင်း ရေချိူးခန်းထဲသို့ဝင်သွားသည်။

တစ်ကိုယ်လုံးကို မွှေးကြိုင်နေအောင် ပြင်ဆင်ပြီး ပြောင်လက်နေအောင် တိုက်ထားသော ရှူးဖိနပ်ကိုစီးကာ ရုံးသွားရန် ထွက်လာလိုက်သည်။
မိုးကတိတ်သွားပြီ။ နေရောင်ဖျော့ဖျော့ကလည်း ဖြာကျလာသည်။
တပ်ဝင်းထဲဖြစ်ပေမို့လားမသိ ရပ်ကွက်များကဲ့သို့ ဆူသံပူသံမကြားရပေ။
အမှိုက်တစ်စက်မှ မရှိသော လမ်းလေးကိုကြည့်ရင်း သဘောကျမိသည်။
မိုးရွာထားသဖြင့် သစ်ပင်များက စိမ်းစိုနေသည်။

' ဗိုလ်ကြီး ဒီနေ့စောလှချည်လား '

တပ်တွင်းကန်တင်းမှ တပ်ကြပ်ကြီးက လှမ်း၍အော်ကာ နှုတ်ဆက်လိုက်သဖြင့် ဆိုင်ကယ်ကို ဘရိတ်အုပ်လိုက်သည်။

' စောတယ် ကေကြီးရေ ....၊အဘလေး ခိုင်းထားတာတွေ ရှိသေးတယ်ဗျ ၊စာရင်းစစ်ကလည်း ရှိသေးတယ်မဟုတ်လား '

' ဘာမှမစားတော့ဘူးလား '

' တော်ပြီ တော်ပြီ၊ သွားတော့မယ် ' ဟုပြောရင်း ထွက်လာခဲ့သည်။

ရုံးရှေ့တွင် ဆိုက်ကယ်ထိုးရပ်လိုက်သည်။
ဘေးနားတွင် ရပ်ထားသော ကိုချမ်းမြေ့ဆိုင်ကယ်ကိုတွေ့လိုက်သည်။
ရုံးခန်းထဲဝင်သွားတော့ ကိုချမ်းမြေ့ကထိုင်နေသည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now