နှလုံးသားဗဟိုသို့ ထိမှန်ခြင်း

8.8K 747 11
                                    

•unicode

သူနဲ့တွေ့ပြီး ပြန်လာသည့်နေ့မှစ၍ အဆက်သွယ်သိပ်မရခဲ့တာ တစ်လကျော်ခဲ့ပြီ။
တပ်ကအလုပ်တွေကိုဖိလုပ်နေရ၍ သူ့ကိုခဏမေ့သွားသလို ဖြစ်ခဲ့သည်။ ရှေ့တန်းကပြန်ဝင်မည့် အဖွဲ့များပြန်ရောက်မည်ဖြစ်သောကြောင့် ပို၍အလုပ်ရှုပ်သည်။ အလုပ်တွေက ထပ်ဆင့်ထပ်ဆင့်တိုးတိုးလာပေမယ့် အမြဲမပျက် ဖုန်းမျက်နှာပြင်ပေါ်ကသူ့မျက်နှာလေးကိုကြည့်ပြီးမှ အိပ်ပျော်သည်။

သူလည်းဖုန်းမဆက်ပါ။ ဖုန်းအဆက်သွယ်မရတာကြာပြီ။
သူဘာတွေများလုပ်နေသလဲ ။ ဘာကိစ္စတွေရှိလို့ ဖုန်းတောင်ဆက်လို့မရတာလဲ၊ သူကအရာရာကို လျှို့ဝှက်လွန်းသည်။

ဖုန်းကဆက်တိုင်း စက်ပိတ်ထားပါသည်ဟုသာပြောသည်။
အခုလဲ ဖုန်းမကိုင်ပါ။
သူညဂျူတီများရှိနေလို့လား။ အတွေးများက သူ့ဆီကိုသာရောက်နေသည်။ လူကတော့ အိပ်ရာပေါ်တွင် လှဲရင်း သူ့ဓာတ်ပုံလေးကို ကြည့်ကာ အလွမ်းဖြေနေရသည်။

' လွမ်းလိုက်တာ ညီရယ်....'

သက်ပြင်းရှည်ကိုဆွဲ၍ချမိသည်။
တကယ်ဆို သူနဲ့ကျွန်တော် ဘာမှမဆိုင်ပါ။
ကျွန်တော်က သူ့အတွက်တော့ သူစိမ်းတစ်ယောက်ပါ။

' ဘာတွေတွေးပြီး ငိုင်နေရတာတုန်း ကိုယ့်လူရဲ့၊ သက်ပြင်းတွေကလည်း ချလိုက်တာ ၊ အဆောင်ခေါင်မိုးတောင်လန်ကုန်တော့မယ် '

' ဘာမှမဟုတ်ပါဘူးကွာ '

ပြည့်စုံက အိပ်ရာဘေးတွင်ဝင်ထိုင်လိုက်သည်။

' နေပါဦး ဟိုတလောက သွားတွေ့တယ်ဆိုတာ ဘယ်သူလဲ၊ မင်းကောင်မလေးလား ၊ မင်းကတော့ လျှိုတယ်နော် '

ထွဋ်ကိုက သဘောကျသွာ ရယ်သည်။

' ကောင်မလေး မဟုတ်ပါဘူးကွာ၊ကောင်လေးပါ...ကောင်လေး '

' ဟမ်......မင်းပြောတော့ ငါ့ကလေးနဲ့သွားတွေ့လိုက်ဦးမယ်ဆို '

' အေးလေ ၊ ဘာဖြစ်လဲ'

' ထွဋ်ကို .... ၊ မင်း မဟုတ်မှလွဲရော'

ထွဋ်ကိုက ဘာမှမဖြေ၊ရယ်၍သာ ဖုန်းကိုဟန်မပျက် ဆက်ကြည့်နေသည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now