အမြဲတမ်းပဲ ချစ်နေမည်

7.9K 645 20
                                    

•unicode

တပ်ပြန်ရောက်တော့ သူ ကျွန်တော့်ကို သိသိသာသာ ရှောင်နေသည်။အလုပ်တွေကလည်း ရှုပ်ယှက်ခက်နေတော့ သိပ်ပြီး သတိမထားမပေ။

အရင်ကဆို အလုပ်အားတိုင်း ဆေးခန်းကို ဆိုင်ကယ်တစ်စီးနှင့် အပြေးရောက်လာတက်သူက ယခုအရိပ်ပင်မတွေ့ရပေ။

ဪ လူ့စိတ်ဆိုတာ အစိုးမရပါလား။

ကဲထားပါ သူမလာတော့လည်း ကိုယ်ကသွားရှာရတာပေါ့။ ဖုန်းဆက်တော့လည်း မကိုင်ပါ။ သို့သော် ထပ်ခေါ်ကြည့်သည်။ ဒုတိယအကြိမ် ခေါ်သည်၊ မကိုင် ။ တတိယကြိမ်ခေါ်သည် ၊မကိုင်။စတုတ္ထကြိမ်ခေါ်သည်၊ မကိုင်ပါ။
ငါးကြိမ်မြောက် ထပ်၍ ခေါ်သည်။လုံးဝမကိုင်ပါ။

ဒေါသဆိုသည်မှာ အစိုးမရတော့ပဲ အလိပ်လိုက် အစုလိုက် ထွက်ချင်လာသည်။သူတောင်မကိုင်သေးတာပဲ၊ကိုယ်က တာဝန်ရှိတဲ့ အတိုင်းခေါ်သည်။သူကမှ မကိုင်တာ၊ ကျွန်တော့်တာဝန်ကျေသည်။

ဘာမဟုတ်တဲ့ ကိစ္စကို ကြီးကောင်ကြီးမားနှင့် စိတ်ဆိုးနေလေ​၏။ ဆာလောင်နေသော ၀မ်းဗိုက်ထဲသို့ ဒေါသဟူသော အာဟာရများမျိုချကာ အဆောင်သို့ ဦးတည်ပြန်လာပါတော့သည်။

အဆောင်ရှေ့ရောက်တော့ သူ့ဆိုင်ကယ်ကို တွေ့သည်။
ဆိုင်ကယ်ရှိတယ်ဆိုတော့ လူလည်းရှိမှာပဲ၊ တစ်လမ်းလုံး မျိုချလာရသော ဒေါသများသည် စားမြှပ်ပြန်သကဲ့သို့ ပြန်တက်လာပါတော့သည်။

အခန်းရှေ့ ပြတင်းပေါက်မှ တဆင့် လှမ်းကြည့်လိုက်တော့ ကုတင်ပေါ်တွင် သူ့ခြေထောက်ကို တွေ့လိုက်ရပါသည်။

သေချာပါပြီ။
အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။

ကုတင်ပေါ်တွင် အပူပင်မရှိ စွပ်ကျယ်လက်ပြတ်နှင့် ယူနီဖောင်းဘောင်းဘီကို မချွတ်ပဲ ခန့်ခန့်ကြီးနှင့်ဆန့်ဆန့်ကြီး အိပ်မောကျနေသော ကျွန်တော့်ချစ်သူခေါ် ထွဋ်ကိုဆိုသူ၏ အဆီတဝင်းဝင်းဖြစ်နေသော နှာတံဖြောင့်ဖြောင့်အား အားမနာတမ်း အံကြိတ်၍ နှာထိပ်ဖျားကနေကိုင်ကာ  လိမ်ဆွဲလိုက်ပါသည်။

အား...ဟူသော ၀မ်းခေါင်းသံကြီးထွက်လာမှ ဆွဲထားသော နှာခေါင်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now