Chapter 1

7K 467 17
                                    

"Yukina ! ကြယ်​​တွေအပြည့်​နဲ့ ​ကောင်းကင်​က အရမ်းလှတာပဲ​နော်​"

"Yukina ! ကြယ်​​တွေ​ကြွေရင်​ ဆု​တောင်း ! ပြည့်​တယ်​တဲ့"

"Yukina ! Yukina ! Yukina"

*တီ တီ တီ တီ*

"အင်းးး~"

Yukina အိပ်​ယာ​ဘေးစားပွဲ​ပေါ်က မြည်​​နေတဲ့ နှိုးစက်​ကို လှမ်းပိတ်​ရင်း အိပ်​ယာထဲပြန်​လှဲ​နေလိုက်​သည်​!

"ဘာလည်း?"

"ဘာ​တွေလည်းကွာ!"

ကျွန်​​တော်​ အဲဒီအိမ်​မက်​​တွေ မက်​​နေခဲ့တာ အခုဆို နှစ်​လ​လောက်​ရှိပြီ! အိမ်​မက်​ထဲမှာ ဘယ်​သူမှန်းမသိတဲ့ သူက ကျွန်​​တော့်​နာမည်​ကို​ခေါ်ပြီး ကြယ်​​တွေအ​ကြောင်းအမြဲ​ပြော​ပြ​နေတတ်​တယ်​! သူဘယ်​သူမှန်းမသိ ဘယ်​လိုပုံမှန်း စဉ်းစားမရ ကြာရင်​ ကျွန်​​တော်​ပဲရူး​တော့မလား ?

ကျွန်​​တော်​အိပ်​ယာ​ပေါ်ကထပြီး မီးဖို​ခြောင်​ဆီထွက်​လာခဲ့တယ်​! မနက်​တိုင်း ​ကော်​ဖီထုတ်​ကို လက်​လှမ်းပြီးမှ ​ကွေကာ​ဖျော်​မိတာလည်း နှစ်​လ​လောက်​ရှိပြီ ! ဘာလို့ပါလိမ့်​? စိတ်​ထဲမှာ ​ကော်​ဖီ​တွေ မ​သောက်​နဲ့လို့ တားမြစ်​ခံထားရသလို? ဘယ်​သူက တားမြစ်​တာလည်း? ​တွေးရင်း​တွေးရင်း စိတ်​​တွေပိုရှုပ်​လာပြီး ​ကွေကာ​တွေကို ​ဘေစင်​ထဲသွန်​ချလိုက်​သည်​!

"ငါ ရူးများ​နေလားပဲ"

ကြားဖူးတာ​တော့ ကိုယ့်​ကိုကိုယ်​ရူး​နေလားလို့​တွေးမိရင်​ တကယ်​မရူး​သေးဘူးတဲ့ ! အဲ့ဒီ ဟုတ်​လားမဟုတ်​လားမသိတဲ့ ကြားဖူးနားဝတစ်​ခု​ကြောင့်​သာ ကျွန်​​တော်​ မရူး​သေးဘူးလို့ ယူဆထားနိုင်​တာ!

Yukina ကွန်​ပြူတာ​ရှေ့ထိုင်​ရင်း ​ရေးလက်​စ ဝတ္ထုကိုဆက်​ရန်​ပြင်​လိုက်​သည်​!

ရေးလက်​စရပ်​​နေသည့်​​နေရာက.....

ဝတ္ထုထဲက ဇာတ်​လိုက်​က အဖိုးအ​မွေ​ပေးခဲ့တဲ့ မြို့နယ်​တစ်​ခုက ​ရှေးအိမ်​တစ်​လုံးဆီ​ပြောင်းလာသည်​! အဲ့ဒီအိမ်​​ရောက်​ကတည်းက ဇာတ်​လိုက်​မင်းသားက အိမ်​မက်​လိုလို တကယ်​လိုလို ထူးဆန်းတဲ့ အဖြစ်​အပျက်​​တွေဖြစ်​လာသည် ! အဲ့ဒီမှာ..............

You, He, Me & StarsWhere stories live. Discover now