Chapter 9 (Unicode)

111 28 0
                                    

"Yukina san Yukina san!!!! စိတ်​ထိန်​း !"

ကြမ်​း​ပေါ် ထိုင်​ကျသွားတဲ့ Yukina ကို Arikawa လှမ်​းထိန်​းရင်​း စိုးရိမ်​တကြီး​ပြောလိုက်​သည်​!

"အယ်​? သား က Yukina မဟုတ်​လား?"

တအံတသြ​မေးသံ​ကြောင်​့ Yukina ​ရော Arikawa ပါ ​နောက်​လှည်​့ကြည်​့လိုက်​သည်​!

"​မေ​မေ?"

Arikawa က တိုးတိုး​ရေရွတ်​လိုက်​တယ်​!

Yukina ရဲ့ အံ့သြ​နေဆဲမျက်​ဝန်​း​တွေက ကီမိုနိုနဲ့ အမျိုးသမီးဆီမှ မခွာနိုင်​ဖြစ်​လို့​နေသည်​!

"သား Arikawa ! ဧည်​့သည်​ကို ဘယ့်နှယ့် ကြမ်​း​ပေါ်ထိုင်​ခိုင်​းထားတာတုန်​း? လာ သား Yukina !"

ကီမိုနိုနဲ့ အန်​တီ​ခေါ်​ဆောင်​ရာကို Yukina အူလည်​လည်​နှင်​့ ပါသွားပြန်​သည်​!

"​မေ​မေက Yukina san ကို သိတယ်​?"

Arikawa က တအံ့တသြ​မေးတယ်​!

Yukina က လည်​း ​အ​ဖြေစကားကို ငံ့လင်​့​နေမိသည်​!

"သိတာ​ပေါ့သားရဲ့ Yukina ​မေ​မေက ​မေ​မေ့သူငယ်​ချင်​း​လေ "

"အယ်​?"

"ဟာ!!"

Arikawa ​ရော Yukina ပါ အာ​မေဋိတ်​သံများပြုမိကြသည်​!

"​နောက်​ပြီး Yukina ငယ်​ငယ်​က ဒီအိမ်​ကို​ရောက်​ဖူးတာပဲကို! "

ကျွန်​​တော်​့ကို သိတယ်​ ရင်​းနှီးတယ်​ ဆို​သော ထိုကီမိုနိုနဲ့ Arikawa ရဲ့​မေ​မေ့​ရှေ့မှာ ကျွန်​​တော်​ စိတ်​မသက်​မသာဖြစ်​​လာပြန်​ပါတယ်​!

"အန်​တီကို မမှတ်​မိလို့ဆိုပြီး စိတ်​မသက်​မသာမဖြစ်​ပါနဲ့ သားရယ်​! အန်​တီနားလည်​ပါတယ်​! သားနဲ့ သား​မေ​မေနဲ့ တူတူ ဒီအိမ်​ကို လာလည်​တုန်​းက သား accident မဖြစ်​ခင်​​လေးတင်​​လေ! အန်တီတို့က ဒီမှာ အမြဲမ​နေဘူး! အဲဒီ​နွေရာသီကမှ မပြန်​တာကြာပြီဆိုပြီး လာခဲ့ကြတယ်​​လေ! အဲဒီ​တော့ ငယ်​သူငယ်​ချင်​းဖြစ်​တဲ့ Yukina ​မေ​မေကလည်​း လာ​တွေ့တာ​ပေါ့ ! အန်​တီတို့ လူကြီး​တွေစကား​တွေ​ ပြောမဆုံးဖြစ်​​နေ​တော့ က​လေးဖြစ်​တဲ့ Yukina ​လေး ပျင်​းမှာစိုးလို့ Arikawa နဲ့သွားကစားဖို့ သွားခိုင်းလိုက်​တာ​လေ ! ခဏကြာ​တော့ Yukina ​လေး ငိုမဲ့မဲ့နဲ့ပြန်​​ရောက်​လာတယ်​ ! သူ Arikawa ကို ရှာမ​တွေ့ခဲ့ဘူးတဲ့​လေ! ပြီး​တော့မှ သိတယ်​ Arikawa က သူ့​ဖေ​ဖေနဲ့ စိတ်​​ကောက်​ပြီး ဘီဒိုထဲ ဝင်​ပုန်​း​နေတာတဲ့ ! အန်​တီတို့​တွေ ​နောက်​မှ​​ပြောပြီး ရယ်​လိုက်​ရတာ!"

You, He, Me & StarsWhere stories live. Discover now