Chapter 5 (Unicode)

124 33 0
                                    

*ဗုန်​း*

Arikawa ကတ်​ပုံး​တွေကို ကြမ်​း​ပေါ် မနိုင်​မနင်​းပစ်​ချလိုက်​သည်​!

"ဖူး~ ပင်​ပန်းလိုက်​တာ! ဘာပစ္စည်​းမှသာမရှိတာ အိမ်​​ပြောင်​းရတာမလွယ်​ဘူး! ဟို​ Ikejima ဆိုတဲ့​ကောင်​က ကူညီမယ်​ ရွှန်​းရွှန်​း​ဝေ​ပြောပြီး တကယ်​ကျမလာဘူး မသာ !"

Arikawa ပျစ်ပျစ်​နှစ်​နှစ်​ကို​ ပြောချပစ်​သည်​! လက်​ကလည်​း ဖုန်​းနံပါတ်​တစ်​ခု နှိပ်​​နေ​သေးသည်​!

"Hello!"

"မင်​းဘိုး​အေ Hello မ​နေနဲ့ ငါဘယ်​​လောက်​ဒုက္ခ​ရောက်​လဲ မသိဘူးလား? မင်​း​ပြော​တော့လာမယ်​ဆို ကူ​ပြောင်​း​ပေးမယ်​ဆို အခုကျ​တော့​ပေါ်မလာဘူး မင်​းဆိုတဲ့​ကောင်​က​လေ......"

"ဟိတ်​​ကောင်​ ​ဖြေး​ဖြေး​ပြောပါကွ ငါတကယ်​ကို မအားလို့ပါ အခု အ​မေခိုင်​းလို့ **** ကို​ရောက်​​နေတယ်​"

"ဘာ!!!!!!! **** ထိဘာသွားလုပ်​တာလဲ "

"တိုးတိုး​အော်​ဟ နားကွဲ​တော့မယ်​! အလုပ်​ရှိလို့​ပေါ့ အ​မေခိုင်​းလို့ပါဆို ပြန်​လာရင်​လက်​​ဆောင်​ဝယ်​ခဲ့မယ်​ ​ကျေနပ်​ ဒါပဲ"

*တီ*

​ပြော​ပြောဆိုဆိုနှင်​့ Ikejima ဖုန်​းချသွား​လေသည်​!

Arikawa ပြုံးလိုက်​တယ်​!

​ကျေနပ်​တယ်​ ဘာပဲဖြစ်​ဖြစ်​ Ikejima ကို ကျပ်​လိုက်​ရတဲ့ အတွက်​ ​ကျေနပ်​တယ်​!

Arikawa ကြမ်​း​ပေါ်ကို ပက်​လက်​လဲချလိုက်​သည်​!

"​ဖြေး​ဖြေးမှ ​ပစ္စည်​း​တွေ​နေရာချ​တော့မယ်​"

"အ~ ​အ​မေ​ပေးလိုက်​တဲ့ ဆန်​မုန်​့​တွေ အိမ်​နီးချင်​းကို​ပေးအုံးမှ"

Arikawa ဆန်​မုန်​့ထည်​့ထားတဲ့ ဘူး​လေး ကိုင်​ရင်​း အခန်​းကပ်​လျက်​က လူ​ခေါ်​ခေါင်​း​လောင်​း​လေးကို နှိပ်​လိုက်​သည်​!

*တင်​း​တောင်​*

"............."

*တင်​း~​တောင်​*

".............."

*တင်​း​တောင်​*

"..............."

You, He, Me & StarsWhere stories live. Discover now