Chapter 5

2K 296 19
                                    

*ဗုန်း*
Arikawa ကတ်​ပုံး​တွေကို ကြမ်း​ပေါ်မနိုင်​မနင်းပစ်​ချလိုက်​သည်​!

"ဖူး~ ပင်​ပန်းလိုက်​တာ! ဘာပစ္စည်းမှသာမရှိတာ အိမ်​​ပြောင်းရတာမလွယ်​ဘူး! ဟို​ Ikejima ဆိုတဲ့​ကောင်​က ကူညီမယ်​ ရွှန်းရွှန်း​ဝေ​ပြောပြီး တကယ်​ကျမလာဘူး မသာ !"

Arikawa ပြစ်​ပြစ်​နှစ်​နှစ်​ကို​ပြောချပစ်​သည်​! လက်​ကလည်း ဖုန်းနံပတ်​တစ်​ခု နှိပ်​​နေ​သေးသည်​!

"Hello!"

"မင်းဘိုး​အေ Hello မ​နေနဲ့ ငါဘယ်​​လောက်​ဒုက္ခ​ရောက်​လည်း မသိဘူးလား? မင်း​ပြော​တော့လာမယ်​ဆို ကူ​ပြောင်း​ပေးမယ်​ဆို အခုကျ​တော့​ပေါ်မလာဘူး မင်းဆိုတဲ့​ကောင်​က​လေ......"

"ဟိတ်​​ကောင်​ ​ဖြေး​ဖြေး​ပြောပါကွ ငါတကယ်​ကို မအားလို့ပါ အခု အ​မေခိုင်းလို့ **** ကို​ရောက်​​နေတယ်​"

"ဘာ!!!!!!! **** ထိဘာသွားလုပ်​တာလည်း"

"တိုးတိုး​အော်​ဟ နားကွဲ​တော့မယ်​! အလုပ်​ရှိလို့​ပေါ့ အ​မေခိုင်းလို့ပါဆို ပြန်​လာရင်​လက်​​ဆောင်​ဝယ်​ခဲ့မယ်​ ​ကျေနပ်​ ဒါပဲ"

*တီ*

ပြော​ပြောဆိုဆိုနှင့်​ Ikejima ဖုန်းချသွား​လေသည်​!

Arikawa ပြုံးလိုက်​တယ်​!

ကျေနပ်​တယ်​ ဘာပဲဖြစ်​ဖြစ်​ Ikejima ကို ကျပ်​လိုက်​ရတဲ့ အတွက်​ ​ကျေနပ်​တယ်​!

Arikawa ကြမ်း​ပေါ်ကို ပက်​လက်​လဲချလိုက်​သည်​!

"​ဖြေး​ဖြေးမှ ​ပစ္စည်း​တွေ​နေရာချ​တော့မယ်​"

"အ~ ​အ​မေ​ပေးလိုက်​တဲ့ ဆန်​မုန့်​​တွေ အိမ်​နီးချင်းကို​ပေးအုံးမှ"

Arikawa ဆန်​မုန့်​ထည့်​ထားတဲ့ ဘူး​လေး ကိုင်​ရင်း အခန်းကပ်​လျှက်​က လူ​ခေါ်​ခေါင်း​လောင်း​လေးကို နှိပ်​လိုက်​သည်​!

*တင်း​တောင်​*

"............."

*တင်း~​တောင်​*

".............."

*တင်း​တောင်​*

"..............."

You, He, Me & StarsWhere stories live. Discover now