Extra

3.1K 292 15
                                    

*တီ တီ တီ*

အဆက်​မပြတ်​ တတီတီ မြည်​​နေတဲ့ ဖုန်းကို Arikawa ​ကောက်​ကြည့်​လိုက်​သည်​! ဖုန်း screen မှာ ​ပေါ်​နေတဲ့ နာမည်​​လေးက...

'Ikejima'

Arikawa ဖုန်း​ကိုင်​လိုက်​သည်!

"Hello Arikawa Arikawa မင်း ဘာ​တွေဖြစ်​​နေလည်း ဘာလို့ဖုန်းကို မကိုင်​တာလည်း?"

Ikejima အသံမှာ စိုးရိမ်​ မှု​တွေနဲ့ပြည့်​နှက်​​နေသည်​!

"ငါ....ငါဘာမှမဖြစ်​ပါဘူး"

ဘာမှမဖြစ်​ပါဘူးဆို​တဲ့ အသံ​ကြောင့်​ Ikejima အိမ်​ထဲက​ပြေးထွက်​လာခဲ့သည်​!

"မင်းအခု အိမ်​မှာလား Arikawa!?"

"အင်း"

"မင်း ဖွင့်​​ပြောလိုက်​ပြီလား"

"အင်း"

"ငါ အခု ဘူတာရုံ​ရောက်​​နေပြီ"

"ဘယ်​လို?"

"ငါ ဘူတာရုံ​ရောက်​​နေပြီ အခုရထားစီးပြီး မင်းဆီလာခဲ့မယ်​"

"င​ကြောင်​ ဘာလုပ်​ဖို့လာမှာလည်း?"

ဖုန်းထဲက Arikawa အသံ က အနည်းငယ်​ တုန်​ယင်​​နေတယ်​!

"အဟက်​ ဟုတ်​တယ်​ ငါက င​ကြောင်​​လေ အဲ့ဒါ​ကြောင့်​ ငါ့ထက်​​ကြောင်​တဲ့ မင်းဆီကို လာမှာ"

"င​ကြောင်​ အရူး ​သောက်​​ပေါ ......."

"အင်း ဟုတ်​တယ်​ မင်းအခု ထုရိုက်​ပစ်​ဖို့ လူလို​နေတယ်​ မဟုတ်​လား ခဏပဲ​စောင့်​ ငါ ရထား​ပေါ်​ရောက်​​နေပြီ"

****************************************************************

*​ဒေါက်​ ​ဒေါက်​ ​ဒေါက်​ *

"Yukina Yukina!!"

"Tatsumi!?"

Tatsumi က Yukina အခန်း ပြတင်း​ပေါက်​ အပြင်​က​နေ မှန်​တံခါးကို ​ခေါက်​ပြီး ဖွင့်​ခိုင်း​နေသည်​!

"ဘာအရူးထပြန်​တာတုန်း အိမ်​​ရှေ့ကလာ ရသားနဲ့"

Yukina က ပြတင်း​ပေါက်​တခါးကိုဖွင့်​ကာ Tatsumi ကို အထဲ​ရောက်​​အောင်​ ဆွဲကူ​ပေးရင်း​ပြော​နေတယ်​!

"ဖူး~ အမ​လေး မလွယ်​ပါလားဟ က​လေးတုန်းကလည်း ဒီတံတိုင်းကို တက်​ပြီး အခန်းထိလာတုန်းက ငါလူကြီးဖြစ်​ရင်​ ဒီ​လောက်​က အလွယ်​​လေးလို့ ​တွေးခဲ့တာ အခု လူကြီးဖြစ်​​တော့လည်း ဒူးတုန်​​နေတယ်​ အဟက်​"

You, He, Me & StarsWhere stories live. Discover now