Chapter 10

1.7K 252 19
                                    

"Yukina ဘယ်​လို​နေ​သေးလည်း? ဘယ်​နားနာလည်း ​ခေါင်း​ရောကိုက်​လား?"

Tatsumi မျက်​နှာမှာ စိုးရိမ်​မှု​တွေပြည့်​နှက်​​နေဆဲ!

"Yukina နင်​ အဆင်​​ပြေရဲ့လား! အဲ နင်​ငါ့ကို မှတ်​မိမှာ မဟုတ်​ဘူး ဒါ​ပေမယ့်​ ရတယ်​ စိတ်​ထဲမထားနဲ့ ငါတို့က ငယ်​သူငယ်​ချင်း​တွေ...."

"Kyouko !"

"ဟင်​...?"

"နင်​ ...နင်​ငါ့ကို မှတ်​မိတယ်​?"

"အင်း!"

Yukina ​ဖျော့​တော့စွာပြုံးပြသည်​!Tatsumi က တအံ့တသြမျက်​လုံးများနဲ့ Yukina ကို ​ငေးကြည့်​​နေတယ်​!

"Tatsumi!"

ကျွန်​​တော်​ နာမည်​ကို ​ခေါ်လိုက်​တဲ့ Yukina ရဲ့ ခပ်​​ဖျော့​ဖျော့ အသံ​လေးထဲမှာ ကျွန်​​တော်​တို့ရဲ့ အမှတ်​တရ​တွေအားလုံးပါဝင်​သည်​!

"ငါ..."

Tatsumi အသံက တိုးတိမ်​ဝင်​သွားတယ်​!

ကျွန်​​တော်​ လက်​ကို ဆုတ်​ကိုင်​ပြီး Tatsumi က သူ့နှဖူး​လေးနဲ့ ထိလို့ထားတယ်​! သူ့လက်​ဖဝါး​တွေထဲက ကျွန်​​တော့်​လက်​က​လေးက ​နွေး​ထွေးမှု ခံစား​နေရတဲ့ တချိန်​ထဲ စိုစွတ်​လို့​နေသည်​! Tatsumi ငို​နေလား? ကျွန်​​တော့်​ရင်​ထဲ စူးခနဲ နာကျင်​လို့သွားတယ်​!

"ငါ​လေ မင်းကို အထင်​လွဲ​နေမိတာ! မင်း ဘူတာကို မလာဘူးဆိုပြီး ငါမသိခဲ့ဘူး ငါ​တောင်းပန်​ပါတယ်​ Yukina ငါ...."

"............"

ကျွန်​​တော်​ Tatsumi ဆံနွယ်​​လေး​တွေကို အသာပွတ်​သပ်​​ပေးရင်း နှစ်​သိမ့်​​ပေးမိသည်​!
ငို​ကြွေး​နေတဲ့ Tatsumi ကို ကြည့်​​နေတဲ့ Kyouko  ရဲ့မျက်​ဝန်းမှာ မျက်​ရည်​စ​လေး​တွေကို ကျွန်​​တော်​ လှမ်းမြင်​​နေရတယ်​!

တချိန်​က Kyouko ​ပြောဖူးတဲ့စကား​လေးကို ကျွန်​​တော်​ ပြန်​အမှတ်​ရမိတယ်​!

"Yukina ငါကြီးလာရင်​ Tatsumiရဲ့ သတို့သမီးလုပ်​မယ်​"

Yukina Tatsumi ဆီက လက်​ကို အသာရုန်းလိုက်​တယ်​!

"ပြီးခဲ့တာ​တွေပြီးပြီပဲ Tatsumi ငါလည်း မင်းကို ​မေ့​နေခဲ့တာပဲကို"

You, He, Me & StarsWhere stories live. Discover now