Chapter 7

1.8K 245 12
                                    

"Yukina ငါ​လေ ​သေသွားလို့ ​နောင်​ဘဝကျရင်​ ကြယ်​​လေးဖြစ်​ချင်​တယ်​"

"ဘာလို့လည်း?"

"ကြယ်​​လေးဖြစ်​သွားရင်​ မိုး​ပေါ်က​နေ မင်းကို တချိန်​လုံးကြည့်​​နေလို့ရတာ​ပေါ့"

"ah~ ha ha ha"

Yukina ​ချွေး​တွေရွှဲနစ်​ကာ နိုးလာပြန်​သည်​! အိမ်​မက်​တိုင်းကို ​သေချာမှတ်​မိဖို့ကြိုးစားခဲ့သည်​ မှာ မ​အောင်​မြင်​​သေး! အိမ်​မက်​ထဲက သူ့ကို မှတ်​မိလုမှတ်​မိခင်​ ဖြစ်​​နေ​ပေမယ့်​ တကယ်​​သေချာပြန်​စဉ်းစားလိုက်​ရင်​ ​ဝေဝါး​နေဆဲ! Yukina ဆုံးဖြတ်​ချက်​ချလိုက်​သည်​!

ကျွန်​​တော့်​ အိမ်​မက်​​တွေကို သိဖို့ရာ အိမ်​မက်​​တွေ​နောက်​ကိုလိုက်​မှ ရ​တော့မှာ​ပေါ့! အိမ်​မက်​​တွေက ညွှန်​ပြ​နေတဲ့​နေရာ  ကြယ်​စုံ​တဲ့​ကောင်းကင်​ကို မြင်​နိုင်​ပြီး ​ရှေး​ဟောင်း အ​ငွေ့အသက်​ တချို့ရှိတဲ့ ကျွန်​​တော့်​ ​မွေးရပ်​​မြေ!

**************************************************************

Yukinaရဲ့ တိုက်​ခန်း​ရှေ့ အ​ရောက်​ Tatsumi ကို တံခါးကြားမှာ ညှပ်​ထားတဲ့ စာရွက်​ဖြူ​လေးက ဆီးကြို​နေသည်​!

"Tatsumi
ငါ နယ်​က အိမ်​ကို ခဏပြန်​သွားတယ်​!
         Yukina"

"ဟာ ဒီ​ကောင်​ မ​ပြောမဆို လုပ်​ပြန်​ပြီ"

စာရွက်​ကို ကုတ်​အကျီအိပ်​ကပ်​ထဲထည့်​လိုက်​ရင်း ဖုန်းနံပတ်​တချို့​ကောက်​နှိပ်​လိုက်​သည်​!

"လူကြီးမင်း​ခေါ်ဆို​သောဖုန်းမှာ ဆက်​သွယ်​မှု...."

**ဘာ​တွေများဖြစ်​ပြန်​ပြီလည်း Yukina ~ ဘာလို့ ​ကောက်​ခါငင်​ကာ ပြန်​သွားရတာလည်း?**

************************************************************

ရထား​လေးက ခရီးတစ်​ခုဆီသို့ ဦးတည်​ကာ အရှိန်​ပြင်းပြင်းခုတ်​​မောင်း​နေသည်​! ပြတင်း​ပေါက်​က မြင်​​နေရတဲ့ ရှုခင်း​တွေကို​ငေးကြည့်​ရင်း Yukina အ​တွေးနယ်​ချဲ့​နေမိသည်​!

ကျွန်​​တော်​ မရည်​ရွယ်​ပဲ ​မေ့သွားခဲ့တဲ့ အတိတ်​တစ်​ခုနဲ့ အိမ်​မက်​​တွေက ဆက်စပ်​မှုရှိသလား?

You, He, Me & StarsWhere stories live. Discover now