Chapter 6

1.9K 280 23
                                    

နွေး​ထွေးတဲ့ ​နေ​ရောင်​ခြည်​တချို့ အခန်းအတွင်းကျ​ရောက်​​နေတဲ့ မနက်​တစ်​ခုမှာ Yukina နိုးလာသည်​! မျက်​လုံး​ကို အသာဖွင့်​ကြည့်​​တော့ ပထမဆုံးမြင်​ရတာ မျက်​ခုံး​နက်​နက်​တစ်​စုံ  ပိတ်​ထားတဲ့ မျက်​ခွံအစပ်​နားက တိုစစ မျက်​​တောင်​​မွှေး​လေး​တွေ နှာတံ​ဖြောင့်​​ဖြောင့်​ တင်းတင်းစိပိတ်​ထားတဲ့ နှုတ်​ခမ်းပါးတစ်​စုံ.......ဒါ..............

"Arrrrrrrrrrrrrrrrrrrrr!"

"ဟင်​ ဘာဖြစ်​တာလည်း?"

Tatsumi အိပ်​ချင်​မူးတူးနဲ့ ပြန်​​မေးလိုက်​ရင်း မျက်​လုံးများကိုပွတ်​သပ်​​နေသည်​!

"အာ~ မျက်​မှန်​ မျက်​မှန်​"

အခု မျက်​မှန်​ကို လိုက်​စမ်း​နေပြန်​သည်​! ​Tatsumiစောင်​ခြုံ​အောက်​က ထလိုက်​​ပြီး .....

"ဘာဖြစ်​တာလည်း Yukina?"

"ဘာမှမဖြစ်​ဘူး ရုတ်​တရက်​ငါ့အိမ်​မဟုတ်​လို့! အကျီ​လေးဘာ​လေးဝတ်​စမ်းပါ ကြည့်​ရတာ....."

Yukina က​ပြောပြီး ​Tatsumi မျက်​နှာဆီကို ​ခေါင်းအုံးနဲ့​ကောက်​​ပေါက်​ပစ်​ခဲ့ပြီး ​ရေချိုးခန်းဆီထသွားတယ်​!

ထွက်​သွားတဲ့ Yukina ​ကျောပြင်​ကို ကြည့်​ပြီး Tatsumi ပြုံးလိုက်​မိသည်​!

**ဒီတိုင်းဆို ငါ့အကြံ​အောင်​မြင်​တယ်​​ပေါ့ ! Yukina ခု​လောက်​ဆို မျက်​နှာကသာ ဘာမှမဖြစ်​သလိုနဲ့ စိတ်​ထဲမှာ ကလိကလိဖြစ်​​နေ​လောက်​​ပြီ!**

ရေချိုးခန်းမှာ ​ရေ​တွေဖွင့်​ချရင်း Yukina ​ မတ်​တပ်​​မေ့​နေသည်​!

**ဘာလည်း? ဘယ်​လိုဖြစ်​လို့ ငါသူ့အိမ်​​ရောက်​​နေတာလည်း? ​နောက်​ပြီး သူနဲ့အတူ တအိပ်​ယာထဲ! သူအကျီမဝတ်​ထားသလို ငါ​ရောဘာထူးလို့တုန်း!ငါတို့များ........အမ​လေး!!!!!!!!!**

**အ​တွေးနဲ့တင်​ ကျက်​သီးထတယ်​! ဒါ​တောင်​ ဘာကိစ္စ ရင်​တဒိတ်​ဒိတ်​ ခုန်​​နေရလည်းမသိ! လန့်​လို့ဖြစ်​မှာ​ပေါ့!**

**​သေချင်​တယ်​ ဘာလို့ ဘာမှ မမှတ်​မိရတာလည်း?**

ပြန်​စဉ်းစားမိသမျှ မ​နေ့က စာအုပ်​တိုက်​က ဧည့်​ခံပွဲသွားတယ်​ !​နောက်​ အဲ့ဒီမှာ ​တွေသမျှလူ​တွေကို အားနာပါးနာ ပါး​ညောင်း​အောင်​ရယ်​ပြရလို့ ကျွန်​​တော်​​မောလာပြီး ​ချောင်​ကျကျခုံတစ်​ခုမှာဝင်​ထိုင်​​နေခဲ့တာ! Tatsumi က ​တော့ အယ်​ဒီတာမ​လေး​တွေ​ရော စာ​ရေးဆရာမ​တွေ​ရော​နဲ့ လုံးလုံး လုံးလုံး ! မျက်​မှန်​ကို တချက်​ပင့်​တင်​လိုက်​ လက်​ထဲက ရှန်​ပိန်​ခွက်​က​လေး ​မော့လိုက်​! cheer လာလုပ်​တဲ့သူ မိန်းက​လေး​တွေနဲ့ ခွက်​ချင်းတိုက်​လိုက်​နဲ့! အဲ့ဒီ Tatsumi ကို ကြည့်​ပြီး ကျွန်​​တော်​ ရင်​ပူလာသလိုရှိတာနဲ့ ​ဘေးက ခွက်​ထဲက​ရေ​တွေကို​မော့​သောက်​လိုက်​တာ! လားလား ပြီးမှာ​ရေမဟုတ်​တာသိတယ်​ ! အဲ့ဒီ​နောက်​ကျွန်​​တော်​ မမှတ်​မိ​တော့ဘူး!

You, He, Me & StarsWhere stories live. Discover now