Chapter 6 (Unicode)

148 33 1
                                    

နွေး​ထွေးတဲ့ ​နေ​ရောင်​ခြည်​တချို့ အခန်​းအတွင်​းကျ​ရောက်​​နေတဲ့ မနက်​တစ်​ခုမှာ Yukina နိုးလာသည်​! မျက်​လုံး​ကို အသာဖွင်​့ကြည်​့​တော့ ပထမဆုံးမြင်​ရတာ မျက်​ခုံး​နက်​နက်​တစ်​စုံ  ပိတ်​ထားတဲ့ မျက်​ခွံအစပ်​နားက တိုစစ မျက်​​တောင်​​မွှေး​လေး​တွေ နှာတံ​ဖြောင်​့​ဖြောင်​့ တင်​းတင်​းစိပိတ်​ထားတဲ့ နှုတ်​ခမ်​းပါးတစ်​စုံ....... ဒါ..............

"Arrrrrrrrrrrrrrrrrrrrr!"

"ဟင်​ ဘာဖြစ်​တာလဲ ?"

Tatsumi အိပ်​ချင်​မူးတူးနဲ့ ပြန်​​မေးလိုက်​ရင်​း မျက်​လုံးများကိုပွတ်​သပ်​​နေသည်​!

"အာ~ မျက်​မှန်​ မျက်​မှန်​"

အခု မျက်​မှန်​ကို လိုက်​စမ်​​း​နေပြန်​သည်​! Tatsumi စောင်​ခြုံ​အောက်​က ထလိုက်​​ပြီး .....

"ဘာဖြစ်​တာလဲ Yukina?"

"ဘာမှမဖြစ်​ဘူး ရုတ်​တရက်​ငါ့အိမ်​မဟုတ်​လို့! အင်္ကျီလေး ဘာ​လေးဝတ်​စမ်​းပါ ကြည်​့ရတာ....."

Yukina က​ပြောပြီး ​Tatsumi မျက်​နှာဆီကို ​ခေါင်​းအုံးနဲ့​ကောက်​​ပေါက်​ပစ်​ခဲ့ပြီး ​ရေချိုးခန်​းဆီထသွားတယ်​!

ထွက်​သွားတဲ့ Yukina ​ကျောပြင်​ကို ကြည်​့ပြီး Tatsumi ပြုံးလိုက်​မိသည်​!

**ဒီတိုင်​းဆို ငါ့အကြံ​အောင်​မြင်​တယ်​​ပေါ့ ! Yukina ခု​လောက်​ဆို မျက်​နှာကသာ ဘာမှမဖြစ်​သလိုနဲ့ စိတ်​ထဲမှာ ကလိကလိဖြစ်​​နေ​လောက်​​ပြီ!**

​ရေချိုးခန်​းမှာ ​ရေ​တွေဖွင်​့ချရင်​း Yukina ​ မတ်​တပ်​​မေ့​နေသည်​!

**ဘာလဲ ? ဘယ်​လိုဖြစ်​လို့ ငါသူ့အိမ်​​ရောက်​​နေတာလဲ ? ​နောက်​ပြီး သူနဲ့အတူ တစ်အိပ်​ရာတည်း! သူအကျီမဝတ်​ထားသလို ငါ​ရောဘာထူးလို့တုန်​း! ငါတို့များ........အမ​လေး!!!!!!!!!**

**အ​တွေးနဲ့တင်​ ကြက်​သီးထတယ်​! ဒါ​တောင်​ ဘာကိစ္စ ရင်​တဒိတ်​ဒိတ်​ ခုန်​​နေရလဲမသိ! လန်​့လို့ဖြစ်​မှာ​ပေါ့!**

​**​သေချင်​တယ်​ ဘာလို့ ဘာမှ မမှတ်​မိရတာလဲ?**

ပြန်​စဉ်​းစားမိသမျှ မ​နေ့က စာအုပ်​တိုက်​က ဧည်​့ခံပွဲသွားတယ်​ !​ နောက်​ အဲဒီမှာ ​တွေ့သမျှလူ​တွေကို အားနာပါးနာ ပါး​ညောင်​း​အောင်​ရယ်​ပြရလို့ ကျွန်​​တော်​​မောလာပြီး ​ချောင်​ကျကျခုံတစ်​ခုမှာ ဝင်​ထိုင်​​နေခဲ့တာ! Tatsumi ကတော့ အယ်​ဒီတာမ​လေး​တွေ​ရော စာ​ရေးဆရာမ​တွေ​ရော​နဲ့ လုံးလုံး လုံးလုံး ! မျက်​မှန်​ကို တစ်ချက်​ပင်​့တင်​လိုက်​ လက်​ထဲက ရှန်​ပိန်​ခွက်​က​လေး ​မော့လိုက်​! cheer လာလုပ်​တဲ့သူ မိန်​းက​လေး​တွေနဲ့ ခွက်​ချင်​းတိုက်​လိုက်​နဲ့! အဲဒီ Tatsumi ကို ကြည်​့ပြီး ကျွန်​​တော်​ ရင်​ပူလာသလိုရှိတာနဲ့ ​ဘေးက ခွက်​ထဲက​ရေ​တွေကို​ မော့​သောက်​လိုက်​တာ! လားလား ပြီးမှ ရေမဟုတ်​တာသိတယ်​ ! အဲ့ဒီ​နောက်​ ကျွန်​​တော်​ မမှတ်​မိ​တော့ဘူး!

You, He, Me & StarsWhere stories live. Discover now