"Yukina ဘယ်လိုနေသေးလဲ ? ဘယ်နားနာလဲ ခေါင်းရောကိုက်လား?"
Tatsumi မျက်နှာမှာ စိုးရိမ်မှုတွေ ပြည့်နှက်နေဆဲ!
"Yukina နင် အဆင်ပြေရဲ့လား! အဲ နင်ငါ့ကို မှတ်မိမှာ မဟုတ်ဘူး ဒါပေမယ့် ရတယ် စိတ်ထဲမထားနဲ့ ငါတို့က ငယ်သူငယ်ချင်းတွေ...."
"Kyouko !"
"ဟင်...?"
"နင် ...နင် ငါ့ကို မှတ်မိတယ်?"
"အင်း!"
Yukina ဖျော့တော့စွာ ပြုံးပြသည်!Tatsumi က တအံ့တသြမျက်လုံးများနဲ့ Yukina ကို ငေးကြည့်နေတယ်!
"Tatsumi!"
ကျွန်တော် နာမည်ကို ခေါ်လိုက်တဲ့ Yukina ရဲ့ ခပ်ဖျော့ဖျော့ အသံလေးထဲမှာ ကျွန်တော်တို့ရဲ့ အမှတ်တရတွေအားလုံး ပါဝင်သည်!
"ငါ..."
Tatsumi အသံက တိုးတိမ်ဝင်သွားတယ်!
ကျွန်တော့်လက်ကို ဆုပ်ကိုင်ပြီး Tatsumi က သူ့နဖူးလေးနဲ့ ထိလို့ထားတယ်! သူ့လက်ဖဝါးတွေထဲက ကျွန်တော့်လက်ကလေးက နွေးထွေးမှု ခံစားနေရတဲ့ တစ်ချိန်တည်း စိုစွတ်လို့နေသည်! Tatsumi ငိုနေလား? ကျွန်တော့်ရင်ထဲ စူးခနဲ နာကျင်လို့သွားတယ်!
"ငါလေ မင်းကို အထင်လွဲနေမိတာ! မင်း ဘူတာကို မလာဘူးဆိုပြီး.. ငါမသိခဲ့ဘူး ငါတောင်းပန်ပါတယ် Yukina ငါ...."
"............"
ကျွန်တော် Tatsumi ဆံနွယ်လေးတွေကို အသာပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးမိသည်!
ငိုကြွေးနေတဲ့ Tatsumi ကို ကြည့်နေတဲ့ Kyouko ရဲ့မျက်ဝန်းမှာ မျက်ရည်စလေးတွေကို ကျွန်တော် လှမ်းမြင်နေရတယ်!
တစ်ချိန်က Kyouko ပြောဖူးတဲ့စကားလေးကို ကျွန်တော် ပြန်အမှတ်ရမိတယ်!
"Yukina ငါကြီးလာရင် Tatsumiရဲ့ သတို့သမီးလုပ်မယ်"
Yukina Tatsumi ဆီက လက်ကို အသာရုန်းလိုက်တယ်!
"ပြီးခဲ့တာတွေပြီးပြီပဲ Tatsumi ငါလည်း မင်းကို မေ့နေခဲ့တာပဲကို"
YOU ARE READING
You, He, Me & Stars
Fanfiction"Yukina ! ကြယ်တွေအပြည့်နဲ့ ကောင်းကင်က အရမ်းလှတာပဲနော်" "Yukina ! ကြယ်တွေကြွေရင် ဆုတောင်း ! ပြည့်တယ်တဲ့" အိမ်မက်ထဲက ကြယ်တွေအကြောင်း ပြောပြသူဟာ ဘယ်သူများလည်း ...... This is my own creation story ! Please enjoy mina ... >33<