Chapter 8 (Unicode)

114 27 0
                                    

မွေးရပ်​​မြေ~

လူတိုင်​း ​မွေးရပ်​​မြေဆိုတာကို ပြန်​​ရောက်​တဲ့ အခါတိုင်​း အမှတ်​တရ​တွေများစွာနဲ့ ​နွေး​ထွေးမှုကို ခံစားရစမြဲပဲ!

ကျွန်​​တော်​့အတွက်​က​တော့ သာမန်​​ရောက်​ဖူးတဲ့ မြို့တစ်​မြို့သာသာပင်​!

ကျွန်​​တော်​ မရည်​ရွယ်​ဘဲ မေ့သွားခဲ့တဲ့ အတိတ်တစ်​ခုမှာ မြို့​လေးအ​ကြောင်​း​ရော မြို့​လေးမှာ​နေထိုင်​တဲ့ ခင်​မင်​ရင်းနှီးသူ​တွေအားလုံးရဲ့ အမှတ်​တရ မှတ်​ဉာဏ်​​တွေ​ရော အားလုံးပါသွားခဲ့သည်​! ကျွန်​​တော်​သိတဲ့ ခင်​တဲ့ ချစ်​တဲ့ သူ​တွေလို့​ပြောတဲ့ သူတို့​တွေရဲ့ အလယ်​မှာ ကျွန်​​တော်​ သူစိမ်​းတစ်​​ယောက်​လို အထီးကျန်​​နေခဲ့တယ်​! ဒီခံစားချက်​​ကြောင်​့ ကျွန်​​တော်​ ဒီပတ်​ဝန်​းကျင်​မှာ ဆက်​မ​နေချင်​ခဲ့ခြင်းပင်​! အခု​တော့ ကျွန်​​တော်​ တစ်​စုံတရာ အထူးသဖြင်​့ တစ်​စုံတစ်​​ယောက်​ကို ရှာဖို့ ကျွန်​​တော်​ ပြန်​လာခဲ့သည်​!

"ဟယ်​ သား Yukina "

"​မေ​မေ"

Yukina ​မေ​မေက ရုတ်​တရက်​ Yukina ကို​တွေ့လိုက်​ရ၍ ဝမ်​းသာအားရ​ပြေးဖက်​သည်​!

၁၂ နှစ်​ အရွယ်​အထိ ​မေ​မေ​နဲ့ ပတ်​သတ်​တဲ့ မှတ်​ဉာဏ်​​တွေ မရှိ​တော့​ပေမယ်​့ ​မေ​မေရင်​ခွင်​က​တော့ ​နွေး​ထွေးဆဲပါ!

"ကြိုလည်​း မ​ပြောဘူးသားရယ်​"

"အင်​း ​ကောက်​ခါငင်​ကာ စိတ်​ကူး​ပေါက်​တာနဲ့ "

"ကဲ​ ရေမိုးချိုးပြီးနား ​မေ​မေ သားကြိုက်​တဲ့ ဟင်​းချက်​ထားမယ်​"

အမြဲပြုံး​နေတဲ့ ​မေ​မေအပြုံးက ကျွန်​​တော်​့ကို ငြိမ်​းချမ်​း​စေသည်​!

"စား​ကောင်​းရဲ့လား သား"

"ဟုတ်​​! ​ကောင်​းပါတယ်​ ​မေ​မေ"

"သားပိန်​သွားတယ်​"

"ဟုတ်​လား အဟဲ! အခု ဒီမှာ​နေတုန်​း​ မေမေချက်​​ကျွေးတာ​တွေစားပြီးရင်​ ကျွန်​​တော်​ ပြန်​ဝလာ​တော့မယ်​"

"အလုပ်​​က​ တော်​​တော်​ပင်​ပန်​း​နေလား သားရယ်​"

"ဟင်​့အင်​း ကျွန်​​တော်​ ဝါသနာပါတာလုပ်​​နေရတာ မပင်​ပန်​းပါဘူး ​မေ​မေ! ​အော်​ ကျွန်​​တော်​ မြို့ထဲခဏ​လျှောက်​ကြည်​့အုံးမယ်​ မ​ရောက်​တာကြာပြီဆို​တော့"

You, He, Me & StarsWhere stories live. Discover now