Chapter 4 (Unicode)

134 36 0
                                    

*ချက်​ ချက်​ ချက်​*

တိုင်ကပ်​နာရီက စည်​းချက်​ညီညီ စက္ကန်​့​တွေကို တိုက်​စား​နေသည်​! ဘယ်​နာရီကုန်​ဆုံးခဲ့ပြီလဲ ကျွန်​​တော်​မသိဘူး​ နေ့လား ညလား ကျွန်​​တော်​မသိဘူး! လက်​ရှိကျွန်​​တော့်် လက်​​တွေက ကွန်​ပျူတာ ခလုတ်များ​ပေါ်​ပြေးလွှားထိ​တွေ့​နေပြီး  မျက်​စိအာရုံက screen တ​စ်လျှောက်​ အ​ပေါ်​အောက်​​ ပြေးလွှားလျက်​! ​လက်​ရှိကျွန်​​တော်​က Yukina မဟုတ်​ဘဲ ကျွန်​​တော်​ ဖန်​တီးထားတဲ့ ဇာတ်​​ကောင်​ Takeshi ဖြစ်​သည်​! Takeshi ရဲ့ အချစ်​ အမုန်​း ဝမ်​းနည်​းပူ​ဆွေးမှု ​ပျော်​ရွှင်​မှု ထိတ်​လန်​့မှု ကြည်​နူးမှု အားလုံးကို ထပ်​တူ ကျွန်​​တော်​ခံစားရသည်​!

"..kina! Yukina!!"

"..............."

"Yukina!!!"

"..........."

Tatsumi ​ခေါ်​သော်​လည်​း Yukina က ပြန်​မထူး​ပေ! Screen ကိုသာ စိုက်​ကြည်​့ပြီး စာ​တွေ တ​ချောက်​​ချောက်​နှင်​့ ရိုက်​​နေဆဲ!

*Sigh*

Tatsumi သက်​ပြင်​းချလိုက်​မိသည်​! သိတာ​ပေါ့ Yukina တကယ်​စျာန်​ဝင်​ရင်​ဘယ်​လိုဆိုတာ! သူအခု Yukina ဟုတ်​ဟန်​မတူ သူ့ဇာတ်​လမ်​းထဲက ဇာတ်​​ကောင်​ တစ်​​ယောက်​​ယောက်​ ဖြစ်​​နေ​ပေလိမ်​့မည်​! Tatsumi Yukina ရဲ့ ပုခုံးကို​ကျော်​ပြီး screen ကို လှမ်​းကြည်​့လိုက်​သည်​!

**အင်​း Takeshi ဆိုပါလား**

"Takeshi"

Tatsumi အနူးညံ့ဆုံး ​လေသံနဲ့ တိုးတိုး​ခေါ်လိုက်​တယ်​!

"ဘာလဲ Hina .......!"

​အ​မေးစကားနဲ့ အတူ Tatsumi ဘက်​လှည်​့လာတဲ့ Yukina ရဲ့ မျက်​နှာ​ပေါ်မှ ချိုလွန်​းလှတဲ့အပြုံးက  Tatsumi မျက်​နှာကို မြင်​တဲ့ အခါ တစ်ဝက်​တစ်ပျက်​နဲ့ အဆုံးသတ်​သွား၏!

Yukina က မျက်​​မှောင်​ကျုတ်​လိုက်​ရင်​း .....

"ဘာတုန်​း မင်​းက?"

"မင်​းကို ငါ​ခေါ်​နေတာကြာပြီ ဖုန်​း​တွေလည်​းမကိုင်​ဘူး အဲဒါနဲ့လိုက်​လာတာ"

"​သြော်​ ဘာကိစ္စရှိလဲ မရှိရင်​ပြန်​ ရှိရင်​လည်​း မြန်​မြန်​​ပြော"

You, He, Me & StarsWhere stories live. Discover now