Chapter 8

1.7K 252 11
                                    

မွေးရပ်​​မြေ~

လူတိုင်း​မွေးရပ်​​မြေ ဆိုတာကို ပြန်​​ရောက်​တဲ့ အခါတိုင်း အမှတ်​တရ​တွေများစွာနဲ့ ​နွေး​ထွေးမှုကို ခံစားရစမြဲပဲ!

ကျွန်​​တော့်​အတွက်​က​တော့ သာမန်​​ရောက်​ဖူးတဲ့ မြို့တစ်​မြို့သာသာပင်​!

ကျွန်​​တော်​ မရည်​ရွယ်​ပဲ ​မေ့သွားခဲ့တဲ့ အတိတ်တစ်​ခုမှာ မြို့​လေးအ​ကြောင်း​ရော မြို့​လေးမှာ​နေထိုင်​တဲ့ ခင်​မင်​ရင်​နှီးသူ​တွေအားလုံးရဲ့ အမှတ်​တရ မှတ်​ဥာဏ်​​တွေ​ရော အားလုံးပါသွားခဲ့သည်​! ကျွန်​​တော်​သိတဲ့ ခင်​တဲ့ ချစ်​တဲ့ သူ​တွေလို့​ပြောတဲ့ သူတို့​တွေရဲ့ အလည်​မှာ ကျွန်​​တော်​ တစိမ်းတစ်​​ယောက်​လို အထီးကျန်​​နေခဲ့တယ်​! ဒီခံစားချက်​​ကြောင့်​ ကျွန်​​တော်​ ဒီပတ်​ဝန်းကျင်​မှာ ဆက်​မ​နေချင်​ခဲ့ချင်းပင်​! အခု​တော့ ကျွန်​​တော်​ တစ်​စုံတစ်​ရာ အထူးသဖြင့်​ တစ်​စုံတစ်​​ယောက်​ကို ရှာဖို့ ကျွန်​​တော်​ ပြန်​လာခဲ့သည်​!

"ဟယ်​ သား Yukina "

"​မေ​မေ"

Yukina ​မေ​မေက ရုတ်​တရက်​ Yukina ကို​တွေ့လိုက်​ရ၍ ဝမ်းသာအားရ​ပြေးဖက်​သည်​!

၁၂ နှစ်​ အရွယ်​အထိ ​မေ​မေ​နဲ့ ပတ်​သတ်​ရဲ့ မှတ်​ဥာဏ်​​တွေ မရှိ​တော့​ပေမယ့်​ ​မေ​မေရင်​ခွင်​က​တော့ ​နွေး​ထွေးဆဲပါ!

"ကြိုလည်း မ​ပြောဘူးသားရယ်​"

"အင်း ​ကောက်​ခါငင်​ကာ စိတ်​ကူး​ပေါက်​တာနဲ့ "

"ကဲ​ရေမိုးချိုးပြီးနား ​မေ​မေသားကြိုက်​တဲ့ ဟင်းချက်​ထားမယ်​"

အမြဲပြုံး​နေတဲ့ ​မေ​မေအပြုံးက ကျွန်​​တော့်​ကို ငြိမ်းချမ်း​စေသည်​!

"စား​ကောင်းရဲ့လား သား"

"ဟုတ်​​! ​ကောင်းပါတယ်​ ​မေ​မေ"

"သားပိန်​သွားတယ်​"

"ဟုတ်​လား အဟဲ!အခု ဒီမှာ​နေတုန်း​မေ​မေချက်​​ကျွေးတာ​တွေစားပြီးရင်​ ကျွန်​​တော်​ ပြန်​ဝလာ​တော့မယ်​"

"အလုပ်​​က​တော်​​တော်​ပင်​ပန်း​နေလားသားရယ်​"

"ဟင့်​အင်း ကျွန်​​တော်​ ဝါသနာပါတာလုပ်​​နေရတာ မပင်​ပန်းပါဘူး ​မေ​မေ! ​အော်​ ကျွန်​​တော်​ မြို့ထဲခဏ​လျှောက်​ကြည့်​အုံးမယ်​ မ​ရောက်​တာကြာပြီဆို​တော့"

You, He, Me & StarsWhere stories live. Discover now