Chapter 7 (Unicode)

137 30 0
                                    

"Yukina ငါ​လေ ​သေသွားလို့ ​နောင်​ဘဝကျရင်​ ကြယ်​​လေးဖြစ်​ချင်​တယ်​"

"ဘာလို့လဲ ?"

"ကြယ်​​လေးဖြစ်​သွားရင်​ မိုး​ပေါ်က​နေ မင်​းကို တစ်ချိန်​လုံး ကြည်​့​နေလို့ရတာ​ပေါ့"

"ah~ ha ha ha"

Yukina ​ချွေး​တွေရွှဲနစ်​ကာ နိုးလာပြန်​သည်​! အိပ်မက်​တိုင်​းကို ​သေချာမှတ်​မိဖို့ကြိုးစားခဲ့သည်​မှာ မ​အောင်​မြင်​​သေး! အိပ်​မက်​ထဲက သူ့ကို မှတ်​မိလုမှတ်​မိခင်​ ဖြစ်​​နေ​ပေမယ်​့ တကယ်​​ သေချာပြန်​စဉ်​းစားလိုက်​ရင်​ ​ဝေဝါး​နေဆဲ! Yukina ဆုံးဖြတ်​ချက်​ချလိုက်​သည်​!

ကျွန်​​တော်​့ အိပ်​မက်​​တွေကို သိဖို့ရာ အိပ်​မက်​​တွေ​နောက်​ကိုလိုက်​မှ ရ​တော့မှာ​ပေါ့! အိပ်​မက်​​တွေက ညွှန်​ပြ​နေတဲ့​နေရာ ကြယ်​စုံ​တဲ့​ကောင်​းကင်​ကို မြင်​နိုင်​ပြီး ​ရှေး​ဟောင်​း အ​ငွေ့အသက်​ တချို့ရှိတဲ့ ကျွန်​​တော်​့ ​မွေးရပ်​​မြေ!

**************************************************************

Yukinaရဲ့ တိုက်​ခန်​း​ရှေ့ အ​ရောက်​ Tatsumi ကို တံခါးကြားမှာ ညှပ်​ထားတဲ့ စာရွက်​ဖြူ​လေးက ဆီးကြို​နေသည်​!

"Tatsumi
ငါ နယ်​က အိမ်​ကို ခဏပြန်​သွားတယ်​!
                                      Yukina"

"ဟာ ဒီ​ကောင်​ မ​ပြောမဆို လုပ်​ပြန်​ပြီ"

စာရွက်​ကို ကုတ်​အင်္ကျီအိပ်​ကပ်​ထဲထည်​့လိုက်​ရင်​း ဖုန်​းနံပါတ်​တချို့​ ကောက်​နှိပ်​လိုက်​သည်​!

"လူကြီးမင်​း​ခေါ်ဆို​သောဖုန်​းမှာ ဆက်​သွယ်​မှု...."

**ဘာ​တွေများဖြစ်​ပြန်​ပြီလဲ Yukina ~ ဘာလို့ ​ကောက်​ခါငင်​ကာ ပြန်​သွားရတာလဲ ?**

************************************************************

ရထား​လေးက ခရီးတစ်​ခုဆီသို့ ဦးတည်​ကာ အရှိန်​ပြင်​းပြင်​းခုတ်​​မောင်​း​နေသည်​! ပြတင်​း​ပေါက်​က မြင်​​နေရတဲ့ ရှုခင်​း​တွေကို​ငေးကြည်​့ရင်​း Yukina အ​တွေးနယ်​ချဲ့​နေမိသည်​!

ကျွန်​​တော်​ မရည်​ရွယ်​ဘဲ ​မေ့သွားခဲ့တဲ့ အတိတ်​တစ်​ခုနဲ့ အိပ်​မက်​​တွေက ဆက်စပ်​မှုရှိသလား?

You, He, Me & StarsWhere stories live. Discover now