🍑PROLOGUE🍑

31K 1K 19
                                    

✨👬 DESTINED 👬✨

✨👭 MAIN CHARACTERS 👬✨


Yan Yi Jun/Yán Yí Jūn [ရန်​ရီကျွင်း]

Zhang Shen Wei / Zhāng Shén Wēi [ကျန်းရှန်​​ဝေး]

Li Na / Lì Nà [လိနာ့]

ယောကျာ်း​လေးစစ်​စစ်​​တစ်​​ယောက်​ဖြစ်​​ပေမယ့်​ ငယ်​ငယ်​ထဲက မိန်းက​လေးအဝတ်​အစား​တွေကို သ​ဘောကျမိခဲ့သည့်​ Yan Yi Jun[ရန်​ရီကျွင်း]ဆယ်​​ကျော်​သက်​ဘဝအထိကို အကျီလှလှ​လေး​တွေ​ပေါ်မှာ သ​ဘောကျတတ်​တဲ့ သူ့ရဲ့စိတ်​က နည်းနည်း​လေးပင်​မ​ပြောင်းလဲခဲ့.. မိန်းက​လေးလို ဝတ်​ရင် သူတခြားသူတစ်​​ယောက်​အဖြစ်​ ​ပြောင်းလဲသွားသလို ခံစားချက်​ကို သူသ​ဘောကျသလို..အကျီလှလှ​လေး​တွေကိုလဲသူ တန်​ဖိုးထားသည်​။ ဒါ​ပေမယ့်​ သူကမိန်းမစိတ်​ဝင်​​နေတဲ့ ​ယောကျာ်းတစ်​​ယောက်​​တော့ မဟုတ်​ခဲ့..သူလဲ တခြား​​ယောကျာ်း​လေး​တွေလို ​ယောကျာ်း​လေးအဝတ်​အစားများကိုလဲ သ​ဘောကျသလိုမိန်းက​လေးများကိုလဲ
သ​ဘောကျတတ်​ပြန်သည်။Cross dressingကို လွဲမှား​နေတဲ့ စိတ်​စွဲလမ်းမှု​တစ်​ခုလို့ သတ်​မှတ်​မိတာမလို့.. ငယ်​ငယ်​ထဲက ကြိုးစား​ဖျောက်​ခဲ့​ပေမယ့်လဲ မ​ပြောင်းလဲလာခဲ့တဲ့ တည်​ရှိမှုတစ်​ခုမလို့.. သူ​နောက်​ဆုံး​တော့ လက်​ခံခဲ့ရသည်​။ ဒါ​ပေမယ့်​ လှို့ဝှက်​ချက်​တစ်​ခုအဖြစ်​ ထာဝရသိမ်းဆည်းထားဖို့ ရည်​ရွယ်​ထားခဲ့ရင်း​ပေါ့..

မိန်းက​လေး​တွေကို အ​ပျော်​သ​ဘောသာ တွဲပြီး..သာယာမှုကိုသာ မက်​​မောသည့်​ Zhang Shen Wei [ ကျန်းရှန်​​ဝေး]..သူ့ဘဝမှာ ဘယ်​သူ့ကိုမှ ရင်​မခုန်​ခဲ့ဖူးသလို အချစ်​ကိုလဲအယုံအကြည်​မရှိသည့်​သူ.. တစ်​​နေ့မှာ မလှပတဲ့ ဆုံ​တွေ့ချင်းမျိုးနှင့်​ ​ကောင်​​လေးတစ်​​ယောက်​နှင့်​ အမှတ်​မထင်​​တွေ့ရှိခဲ့သည်​။ မြင်​မြင်​ချင်း နှစ်​ဦးနှစ်​ဖက်​လုံးက အမြင်​ကတ်​မှု​တွေ..အခဲမ​ကြေမှု​တွေနဲ့ စတင်​ခဲ့​ပေမယ့်​.. သူအမြင်​ကတ်​တဲ့ ​ကောင်​​လေးက ​ရေစက်​စုံစွာပဲ သူတို့​ကျောင်းကို ဆိုက်​ဆိုက်​မြိုက်​မြိုက်​ ​ရောက်​လာခဲ့ရုံသာမက.. အဲ့​ကောင်​​လေးကသူ့girlfriend ရဲ့ ငယ်​သူငယ်​ချင်းဖြစ်​​နေသည့်​အခါ....

ရုပ်​ရည်​​ချော​မောပြီး တက္ကသိုလ်​က နာမည်​ကြီး Star တစ်​​ယောက်​ဖြစ်​သည့်​ Li Na..ငယ်​သူငယ်​ချင်းနှင့်​ ချစ်​သူကြားအဆင်​မ​ပြေမှု​တွေမှာ အမြဲ​ခေါင်းရှုပ်​ရသည့်​သူ.. သူမကလဲ အချစ်​ဆိုတဲ့ အရာကို အယုံအကြည်​မရှိပဲ အ​ပျော်​သ​ဘောသာ ကစား​ပေမယ့်​ လက်ရှိ​သူမတွဲ​နေတဲ့ Zhang Shen Wei ကို တကယ်​ချစ် မိလာတဲ့ အခါ....

မတူညီတဲ့ စရိုက်​​တွေနှင့်​သူတို့သုံး​ယောက်​ ဘာ​တွေဆက်​ဖြစ်​ကြမှာလဲ??တစ်ေ​န့ Yan Yi Jun [ရန်​ရီကျွင်း] ရဲ့ လှို့ ဝှက်​ချက်​ကို Zhang Shen Wei ရှာ​ဖွေ​တွေ့ရှိသွားတဲ့အခါမှာ​ရော ဘယ်​လို​တွေ ဆက်​ဖြစ်​လာမှာလဲ??

😘😘😘😘😘😘😘😘😘😘😘😘😘😘😘😘

BOY×BOY story ပါ။ ဒါမျိုး relationship ကိုလက်​ခံနားလည်​​ပေးကြတဲ့သူ​တွေအတွက် ရည်​ရွယ်​ပြီး​ရေးတာပါ။ လက်​ခံနိုင်​သူ​တွေ ဆက်​ဖတ်​ပါ။လက်​မခံနိုင်​ဘူးထင်​ရင်​ အစထဲကမဖတ်​ပါနဲ့။ Boy×Boy story ဆိုတာ အတိအလင်း အသိ​ပေးပြီးပြီဖြစ်​လို့ ဆက်​ဖတ်​မဖတ်​ဆိုတာ မိမိဆုံးဖြတ်ချက်နဲ့​​​​သာ သက်​ဆိုင်​ပါ​တော့တယ်​။ကျေးဇူးတင်​ပါတယ်​ ။ Translation မဟုပါပု..own creationပါ..လိုအပ်​တာ​လေး​တွေလဲ ​ဝေဖန်​အကြံပြု​ပေးကြပါလို့ 💕

🍑17.6.2017🍑

🍑Dream-catcherr🍑

DESTINED [BL×OC]Where stories live. Discover now