မြစ်​တို့၏မာယာ

11.7K 1K 224
                                    

အပိုင်း(၃၇)

" Zhang Shen Wei ရဲ့ ဂရုစိုက်​မှု​တွေ ကိုမင်းပဲအပိုင်​ရထား​တော့ အခုအချိန်​မှာ​တော့ မင်း​ပျော်​ရွှင်​​ကောင်း​ပျှော်​ရွှင်​​နေမှာ​ပေါ့..ဒါ​ပေမယ့်​ သူက မင်းကိုတကယ်​ချစ်​တယ်​လို့များစိတ်​ကူးယဉ်​ထား​လေသလား.. 😂😂 သူလိုလူက မင်းကိုချစ်​မယ်​လို့​လေ 😃😃

မင်းကသူလက်​ရှိဆော့ကစား​နေရုံမိန်းမသက်​သက်​ပဲကို မင်း​ဘာလို့ ဂုဏ်​​တွေအရမ်းဆာ​နေမှန်းငါ​တွေးကိုမ​တွေးတတ်​ဘူး.. 😃

အထက်​တန်း​ကျောင်းထဲက ​​​ယောကျာ်းတကာနဲ့ ပတ်​ရှုပ်​ခဲ့တဲ့မိန်းမ.. တွဲသမျှ​ယောကျာ်း​တွေဆီက ချူစားခဲ့တဲ့ မင်းလိုမိန်းမအတွက်​​တော့ Zhang Shen Wei လိုလူက လက်​မလွှတ်​နိုင်​စရာ ​ယောကျာ်းတစ်​​ယောက်​ဖြစ်​​နေမှာ​ပေါ့​နော်​..😢

မင်း​နောက်​ဆုံးတွဲခဲ့တဲ့ ​ဆေး​ကျောင်းသား​လေးဆီက မင်း​ပြိုင်​ကားတစ်​စီးချူစားလို့ဝ​တော့မှ ရက်​ရက်​စက်​စက်​ပစ်​သွားခဲ့တယ်​ဟုတ် 😃

်​..အရင်​​နေ့က Locker ကိစ္စက ​အ​သေးအဖွဲ​လေးပဲရှိပါ​သေးတယ်​...​နောက်​ထပ်​ မင်းရဲ့ အရှုပ်​ထုတ်​​တွေကို ​ဖြေချပြလိုက်​ဖို့က​တော့ တ​စ်​စခြင်း တစ်​စခြင်းပဲ ဆွဲထုတ်​ပေးရမှာ​ပေါ့.. 😃 အရမ်းလဲမလန့်​ပါနဲ့ မင်းရဲ့အရှုပ်​ထုတ်​​တွေလူတကာ သိသွားရုံ​လောက်​ပါပဲ..😃 Good Luck! 😉 "

" ​တောက်​..!"

LiNa ပြသည့်​ m​​essageများ ကို ဖတ်​ပြီး​တော့ Yi Jun ​တောက်​​ခေါက်​လိုက်​မိသည်​။ ဖုန်းနံပါတ်​စိမ်းတစ်​ခုက​နေ
ပို့ချင်​​တွေပို့ပြီး တစ်​ခါထဲ စက်​ပိတ်​သွားတာက သိပ်​ကို ​သွေး​ကြောင်​လွန်းသည်​။

" ငါ့ဘဝတစ်​​လျှောက်​လုံးမှာ တစ်​ခါမှ ဒီလိုအ​စော်​ကားမခံရဖူးဘူး..Xiao Jun..
ယောကျာ်း​တစ်​​ယောက်ကို ချစ်​လိုက်​မိခဲ့အတွက်​ ပြန်​​ပေးဆပ်​လိုက်​ရတာက ငါရဲ့ သိက္ခာ​တွေလား..hk..
ရည်းစားများခဲ့တာကို​တော့ ငါဝန်​ခံတယ်​..ဆယ်​​ကျော်​သက်​က​တော့ ဆယ်​​ကျော်​​သက်​အ​လျှောက်​​နေထိုင်မှာပဲ​လေ..အမှန်အတိုင်း​ပြော​ကြေးဆို ​​တွဲခဲ့သမျှလဲ ငါ့​အိမ်​​​လောက်​ ပြည့်​စုံခဲ့ကြသူ​တွေတစ်​​ယောက်​မှကို မရှိခဲ့ဘူး..အဲ့ဒါကို ငါကပဲ ချူစားတဲ့ မိန်းမ..?? "

DESTINED [BL×OC]Where stories live. Discover now