အချစ်​၏အ​ငွေ့အသက်​​လေးများ

7.5K 904 143
                                    

အပိုင်း(၂၆)


မ​နေ့ညက မိုးသည်းသည်းထန်​ထန်​ရွာထား၍ ​ရာသီဥတုက ​အေးစိမ့်​စိမ့်​ဖြစ်​​နေသည်​။ ​ကောင်းကင်​မှာ မိုးရိပ်​များရှိ​နေ​သေးသည့်​အပြင်​ တစ်​ခါတစ်​ခါကြရင်​ မိုးဖွဲဖွဲ​လေးများကြ​နေသည်​။

" ဝါး..!"

Zhang Shen Wei [ကျန်းရှန်​​ဝေး] ပျင်းရိစွာသမ်းလိုက်​ပြီး အခန်းပြင်​ကို​ငေးလိုက်​သည်။ မိုး​အေး​လေး​အေး​နေသည်​မလို့ သူပူ​နွေး​နွေးတစ်​ခုခုကို စားချင်​​နေသည်​​။

" ​ဒီနှစ်​​ကျောင်းသား​တွေ ဘယ်​ဆိုးလို့လဲ..assignment ကိုလူစုံသ​လောက်​ရ​နေပြီ..ကျန်​တဲ့ ​ကျောင်းသား​တွေလဲ ​နက်​ဖြန်​​နောက်​ဆုံးထား​ပေး​နော်​...အခုထပ်​ထားတာ​တွေကို အရင်​ကြည့်​ပြီး နက်​ဖြန်​ကြမှ တစ်​​ယောက်​ချင်းဆီ ဘာ​တွေလို​နေတယ်​ဆိုတာ ​ပြော​ပေးမယ်​..ဒီ​နေ့​တော့ ဒီ​လောက်​ပဲ.."

ဆရာမထွက်​သွား​တော့ Zhang Shen Wei သူ့​ကျောပိုးအိတ်​ကို​ကောက်​ယူလိုက်​ပြီး Xu Feng [ရွှီဖုန်း] ကိုလက်​တို့လိုက်​သည်​။

" သွားစို့..Canteenမှာ ပူ​ပူ​နွေး​နွေး​လေးတစ်​ခုခုသွားစားရ​အောင်​.."

" အမ်..​အတန်းမတက်​​တော့ဘူးလား.."

" ​​နောက်​မှတက်​လဲ ရပါတယ်​ကွာ...လာပါ..သွားရ​အောင်​.."

သူ​အတင်း​ခေါ်၍ Xu Feng က မျက်​နှာမသာမယာနှင့်​ပါလာသည်​။

" ဒါနဲ့ မင်းဒီတစ်​​ခေါက်​ assignment ​စော​စောပြီး​နေပါ့လား..ကယ်​ပါယူပါအသံ​တောင်​မကြားလိုက်​ရဘူး..ခါတိုင်းဆို ငါပါအငြိမ်​မ​နေရဘူး.."

" အဟား..ဒီလိုပဲ​လေ..ဒီ​လောက်​​​က​တော့ ​အေး​ဆေး..​ခေါင်း​တောင်​စားစရာမလိုဘူး..အခုတ​လော ကံ​တွေစွန်း​ကောင်း​နေတာ.."

သူ Yan Yi Jun ကိုရုတ်​တရက်​သတိရသွားသည်​။ ဟုတ်​သား။ ​အဲ့​ကောင်​​လေး မနေ့က သူ့အိမ်​ကို ညကြီး assignment လာ​ပေးပြီး ချက်​ချင်းပြန်​သွားသည်​။ မိုး​တွေမည်း​နေလို့ အိမ်​ပြန်​လိုက်​ပို့​ပေးရမလားဆို​တော့လဲ မဟုတ်​ရပြန်​..စူပုတ်​ပုတ်မျက်​နှာနှင့်​ assignment ​ပေးပြီးပြီးချင်းပြန်​ထွက်​သွားသည်​။

DESTINED [BL×OC]Where stories live. Discover now