အချစ်​တစ်​ခုလားမက်​​မောခြင်း​လား??

7.6K 875 113
                                    

အပိုင်း(၂၇)

အိပ်​ရာ​ပေါ်မှာ ဖြူ​​ လျော့​လျော့​လေးလဲ​နေသည့်​ Yan Yi Jun [ရန်​ရီကျွင်း] ကိုကြည့်​ရင်း Zhang Shen Wei သက်​ပြင်းချမိသည်​။ ​ရေ​အေး​လေး​တွေ ထည့်​ထားတဲ့ ​ကော်​ဇလုံထဲက တဘတ်အပိုင်း​​လေးကို ​ရေ​စင်​​အောင်​ညစ်​ယူလိုက်​ရင်း Yan Yi Jun နဖူး​ပေါ်တင်​​ပေးလိုက်​သည်​။ ​အရင်​ထဲက မိန်းက​လေး​တွေလို ​မျက်​နှာ​သေး​သေး​နဲ့ ​ကောင်​​လေးက အခု​နေမ​ကောင်း​တော့ မျက်​နှာ​လေးက ပို၍ ​ချောင်​ကျ​နေသည်​။

" ထမင်း​ကောင်း​ကောင်းစားရဲ့လားကွာ..မနက်​စာ​ရော စားပြီးရဲ့လား..ခန္ဓာကိုယ်​က မကြံ့ခိုင်​မှ​တော့ ​နေမ​ကောင်းရင်​ ဘယ်​လိုလုပ်​ခံနိုင်​ရည်​ ရှိ​တော့မှာလဲ.."

Yan Yi Jun မကြားနိုင်​မှန်းသိ​ပေမယ့်​ သူ​​ကောင်​​လေးကို အပြစ်​တင်​လိုက်​မိသည်​။ အဲ့​ကောင်​​လေး တစ်​​ယောက်​ထဲ ​နေ​နေတာမှန်း သတိရသွား​တော့ ဘာမှ ဆက်​ပြီးမ​ပြောဖြစ်​​တော့။ ။အင်း​လေ...မိသားစုနဲ့ ​ဝေး​နေတဲ့ ဆယ်​​ကျော်​သက်​​ကောင်​​လေးတစ်​​ယောက်​က အစားအ​သောက်​ကို ဂရုတစိုက်​စားဖို့ဆိုတာက လွယ်​ကူတဲ့အရာမှ မဟုတ်​တာပဲ..

သူ​ကောင်​​လေးနဖူး​ပေါ်က တဘတ်​စ​လေးကို ခွာလိုက်​​တော့ အပူရှိန်ပြင်းလွန်းတာ​ကြောင့်​တပတ်​​လေးက ​ခြောက်​ပင်​​ခြောက်​နှင့်​​နေပြီ။ သူ​တဘတ်ေ​လးကို ရေထဲ ပြန်​နှစ်​လိုက်​ရင်း Yi Jun နဖူး​ပေါ်ပြန်​တင်​​ပေးလိုက်​သည်​။

" အကျင့်​မ​ကောင်းတဲ့ဟာ​လေး..အကြီးက လိုက်​ပို့​ပေးပါ့မယ်​ဆိတာကို အတင်းပြန်​​တော့ ဖျားပြီ​ပေါ့.... မ​နေ့ကမိုးမိပြီးပြန်​လာ​တော့ ​ဆေး​လေးဘာ​လေး​ရော ကြို​သောက်​ရဲ့လား.. မင်းက​လေ..​ပြောမယ့်​ဆိုမယ့်​သူမရှိ​တော့ လုပ်​ချင်​တာ​တွေချည်းလုပ်​​နေတာ​နေမှာ.."

Zhang Shen Wei အဲ့​ကောင်​​​လေးကို အမြင်​ကတ်​မိ၍ ပားကို ခပ်​နာနာ​လေးလိမ်​ဆွဲလိုက်​​သည်​။ Yan Yi Jun တစ်​ချက်​တွန့်​သွားရင်း နှုတ်​ခမ်းက အလိုလိုဆူလာ​တော့ သူရယ်​လိုက်​မိသည်​။ ​နိုးသွားပြီလို့ ထင်​လိုက်​မိ​ပေမယ့်​ ​ကောင်​​လေးက တစ်​ချက်​လှုပ်​ပြီး ပြန်​ငြိမ်​သွားသည်​။ Zhang Shen Wei တစ်​​ယောက်​ YiJun ဝတ်​ထားတဲ့ ​ချွေး​လေး​တွေနှင့်​ ကပ်​​နေသည့်​ အကျီကို ကြည့်​ရင်းအ​တွေးပွား​နေသည်​။ သူအဲ့​ကောင်​​လေးကို အဝတ်​​လေး ​ရေပတ်​တိုက်​​ပေးသင့်​မှန်း ခုနထဲက သတိရ​ပေမယ့်​ လုပ်​​ပေးဖို့လိုက်​ဖို့အတွက် ​တစ်​ခုခုကို စိုးရိမ်​​နေသလို ရှိ​နေသည်​။ ဘာ​ကြောင့်​လဲဆို​တာ ​သေချာမသိ​ပေမယ့်​ အဲ့​ကောင်ေ​လးအ​ပေါ် သူထူးထူးခြားခြားခံစား​နေရသည့်​ အ​ကြောင်းအရင်းနှင့်​ ပတ်​သက်​​နေတာ​တော့ ​သေချာသည်​။

DESTINED [BL×OC]Where stories live. Discover now