မုသားမ​ပြောတတ်​သည့်​ရင်​ခုန်​သံ​လေးများ

7.1K 955 131
                                    

အပိုင်း(၂၅)

" အာ ထပ်​ပြီး ဘာကိစ္စလဲ..!

LiHong Yi [လီဟုန်​ရိ] နှင့်​​စကား​ပြော​ကောင်း​နေတုန်း ဖုန်းဝင်​လာလို့ကြည့်​လိုက်​​တော့ screen​ပေါ်က ကျက်​သ​ရေတုံးကြီးဆိုသည့်​ နာမည်​​ကိုကြည့်​ရင်းသူစိတ်​ရှုပ်​စွာ ​အော်​လိုက်​သည်​။

" Wow..haha..နာမည်​က အလန်းပါလား.. ဘယ်​သူလဲဟ...ကျက်​သ​ရေတုံးကြီးက.."

" ဟို​ကောင်​ကလွဲပြီး တခြားဘယ်​သူရှိဦးမှာလဲ.."

သူဖုန်းကို ခုံ​ပေါ်က​နေ ဆတ်​ခနဲယူပြီး အခန်းအပြင်​ကို ထွက်​လာခဲ့သည်​။

" ဘာလဲ..ထပ်​ပြီးဘာဖြစ်​ချင်​ပြန်​တာလဲ..!"

အ​တော်​​လေးလွန်​လွန်း​နေပြီမလို့ သူစိတ်​​မရှည်​စွာနှင့်​​အော်​လိုက်​သည်​။ ခုရက်​ပိုင်း Zhang Shen Wei ကတစ်​​နေ့တစ်​မျိုးမရိုးရ​အောင်​ ခိုင်းစား​လေ့ရှိသည်​။ အိမ်​နားက McDonald's က ဘာဂာစားချင်​သည်​ဆို၍ ညကြီးမင်းကြီး​သူ့မှာ ဟိုသ​ကောင့်​သားအိမ်​သွားပို့ရ​သေးသည်​​။

" ကျစ်​..လူ​ကောင်​​သေးသ​လောက်​ အသံကလဲ ကျယ်​လိုက်​တာ..အမြဲတမ်းလဲ ရန်​လို​နေတာပဲ.."

" ခင်​ဗျားကြီးကလဲ အကျင့်​​ကောင်းလို့လား..နိုင်​ကွက်​​လေးတစ်​ကွက်​ရှိတာနဲ့..လူကို​သေ​အောင်​ခိုင်းစား​နေ​တော့တာပဲ..ဘာလုပ်​မလို့ ဖုန်းဆက်​ပြန်​တာလဲ..ခုန​လေးကတင်​ canteen မှာ ​​တွေ့လာတာမဟုတ်​ဘူးလား.."

" ခုနက LiNa ပာရှိနေ​တော့ ငါ​ပြောချင်​တာ​ပြောလို့အဆင်​မ​ပြေဘူး​လေ..​မင်းလဲသူ့ကို ငါ့တို့်ကြားက သ​ဘောတူညီချက်​ကို မသိ​စေချင်​ဘူးမလား..ကျောင်း​နောက်​ဖက်​က ​မေပယ်​လ်​ပင်​​တွေရှိတဲ့ လမ်း​လေးကိုသိတယ်​မလား..အဲ့ကိုလာခဲ့.. လမ်းအဆုံးနားက ထိုင်​ခုံအဝိုင်းမှာ ​စောင့် ​နေတယ်​"

"ကျစ်​.. ဒီက​နေ​ပြောလဲ ဖြစ်​တာပဲ.. ဘာ​ပြောမှာလဲ ​​ပြော..ခဏ​နေ ဆရာဝင်​​တော့မှာ..မအားဘူး.."

" လိုအပ်​လို့​ခေါ်​နေတာ​ပေါ့ကွာ..အတန်းက တခြားရက်​​တွေလဲ တက်​လို့ရတယ်​.. ​စကားမများဘဲ မြန်​မြန်​သာလာခဲ့..!"

DESTINED [BL×OC]Where stories live. Discover now