နှလုံးသားထဲကအမှန်​တရား

8.4K 903 133
                                    

အပိုင်း(၂၈)

" ​နေ​ကောင်း​ပျောက်​ပြီဆိုပြီး ​နေချင်​သလို မ​နေ နဲ့အုံး..​အခန်းထဲ ​လေ​ကြောသင့်​တဲ့ နားလဲ မ​နေနဲ့​နော်​.. ပန်​ကာ​တွေ ဘာ​တွေ ဖွင့်​ထားလဲ ပိတ်​ခိုင်းဦး.. "

ဘေးနားက​နေ မပြီးတမ်းမှာတမ်း​ချွေ​နေသည့်​ Xu Feng (ရွှီဖုန်း) ​ကြောင့်​ YiJun သ​ဘောတကျရယ်​လိုက်​သည်​။

" ဟုတ်ပါပြီ Ge ​ရဲ့.. ကျွန်​​တော်​ Ge ​ပြောသမျှ ​သေချာမှတ်​ထားပါတယ်​.." (Ge=​ကော=brother)

" အင်း...​ပေါက်​တတ်​ကရ​တွေလဲ မစားနဲ့​ဦး​နော်​..​နေ့​လည်​ကြမှ canteen မှာ ​​ပျော့တာ​လေးတစ်​ခုခုစား.. Li hong Yi သူ့ကို​သေချာကြည့်​ဦး​နော်​.. အ​အေး​တွေ ဘာ​တွေ ​သောက်​​နေဦးမယ်​.."

" ​အေးပါ..Ec ရာ..ငါ ​သေချာမှတ်​ထားပါတယ်​..စိတ်မပူနဲ့..​မင်းဟာ​လေးကို ငါ​သေချာ ဂရုစိုက်​​ပေးပါ့မယ်​.."

Li Hong yi [လီဟုန်​ရိ] စကား​ကြောင့်​ Feng Ge က ရယ်​​သည်​။ သူက​တော့ Li hong Yi ကို ဂြိုလ်​​ပေးလိုက်​ရင်း နားသန်​​မွှေးကို နာနာဆွဲလိုက်​သည်​။

" အ..အ..နာတယ်​ဟ.."

" ​​​ခွေး​ကောင် ပလွတ်​ရွှတ်ေ​​တာက် ​မ​ပြောပါနဲ့လို့ ​ပြောထားတာကို မမှတ်​သေးဘူးလား..မင်းကို လုပ်​ရတာငါပဲ ပင်​ပန်းလာပြီ"

နောက်​ဆုံးအ​နေနဲ့ ဆံပင်​ကို နာနာဆွဲလိုက်​ရင်း သူလွှတ်​​ပေးလိုက်​သည်​။ Li hong Yi က သူ့နားသယ်​စပ်​ကို ပွတ်​လိုက်​ရင်း သူ့ကိုစပ်​ဖြီးဖြီးပြုံးပြသည်​။ အရင်​ကလဲ Zhang Shen Wei အ​ကြောင်း​ပြောရင် မင်းရဲ့ Zhang Shen Wei ကြီးက တို့ဘာတို့ အဲ့သည်​လို အသုံးအနှုန်း​တွေ ခဏခဏသုံးလွန်း၍ သူလုပ်​ထား​ရ ​ပေါင်းလဲ မနည်း။ သူမကြို​က်​ပါဘူးဆိုတာကို ဒါမျိုးပါးစပ်​က ခဏခဏ ထွက်​လာတတ်​သည့်​ Li hong Yi ကိုသူအ​​တော်​အံ့သြမိသည်​။

" ဟဲ.. အကျင့်​ပါ​နေလို့ပါဟ... ငါလဲ သတိထားတာပဲ..ပါးစပ်​က သူ့အလိုလို ထွက်​ထွက်​သွားတာ..ဟီး.."

"မင်းဟာ လွန်ကို လွန်​လွန်း​တယ်​...​မသိရင်​ လိုက်​​ပေးစား​နေတဲ့ အတိုင်းပဲ.."

DESTINED [BL×OC]Where stories live. Discover now