လှို့ဝှက်​ချက်​တို့၏အဆုံးသတ်​??

6.7K 867 84
                                    

အပိုင်း(၂၁)

နာရီ​ပေါ်က တဖြည်းဖြည်း​ရွေ့​နေတဲ့ နာရီလက်​တံ​တွေကို ​ငေးကြည့်​​နေရင်း Zhang Shen Wei (ကျန်းရှန်​​ဝေး) တဖြည်းဖြည်း ငိုက်​မျဉ်းစပြုလာသည်​။ ဟို​ကောင်​​လေးကို ​စောင့်​​နေ​ပေမယ့်​ အခုထိကို ​ပေါ်မလာ​သေး..သူအိမ်​​ပေါ်တက်​လာသည့်​ အချိန်​မှာ LiNa နဲ့ Yan Yi Jun က​တော့ အဘွားတို့နဲ့ စကား​ပြောရင်း ကျန်​​နေခဲ့သည်​။ သူများအိမ်​က စကားဝိုင်းထဲလဲ မပါချင်​သည်​မလို့ သူ​စော​စောစီးစီးထဲက အခန်းထဲကို ​ရောက်​​နေခဲ့သည်​။

"ကျစ်​.. ဘာလဲကွာ မလာ​သေးဘူးလား... မလာရင်​လဲ​နေကွာ.. ငါ့ဘာသာ အိပ်​ချင်​သလို အိပ်​မယ်​.."

ကျန်းရှန်​​​ဝေး သူ့​ခေါင်းအုံးကို ခုတင်​အလည်​မှာ ချလိုက်​ပြီး ​ဘေးက ​ခေါင်းအုံးအပိုကို ​ဘေးစွန်းနားကပ်​ပစ်​လိုက်​သည်​။ ကုတင်​အလည်​မှာ ​နေရာယူလိုက်​ပြီး ​​ခြေ​ထောက်​​တွေကို တမြင်​ကားကာ လှဲအိပ်​လိုက်​သည်​။ သူ့ရဲ့ ​ထောင်​​ထောင်​​မောင်း​မောင်းအရပ်​နဲ့ ခန္ဓာကိုယ်​​ကြောင့်ေ​မွ့ရာရဲ့ ဘေးနှစ်​ဖက်​စီက ​နေရာလွတ်​က လူတစ်​ကိုယ်​အိပ်​စရာ ပင်​မကျန်​ချင်​​တော့..

" မှတ်​ထား.. ဘယ်​လိုအိပ်​မလဲကြည့်​ကြ​သေးတာ​ပေါ့"

သူအဲ့အတိုင်း အိပ်​​ပျော်​သွားပြီး သိပ်​မကြာခင်​မှာပဲ  သူပြန်​နိုးလာခဲ့သည်​။ မျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့ ဟို​ကောင်​လေးက သူ့​ဘေးမှာ မရမက ဝင်​အိပ်ကာ ​သူ့ခန္ဓာကိုယ်​ကို ​ဘေးကို ဇွတ်​တွန်း​နေသည်​။ 

" ဘာလုပ်​​တာလဲ သူများအိပ်​​နေတာကို နားမလည်​ဘူးလား.."

သူ​လေသံမာမာ​ပြော​တော့ ဟို​ကောင်​​လေးက သူ့ကို ဂြိုလ်​ကြည့်​ကြည့်​လာသည်​။

" မင်းအရင်​တစ်​ကိုယ်​​ကောင်းဆန်​ထားတာပဲ.. ငါက မင်းအတွက်​စဉ်းစား​ပေး​နေရဦးမှာလား.. မင်းအဲ့လို အိပ်​​တော့ ငါက ဘယ်​သွား အိပ်​ရမှာလဲ..​တိုး.. ဟိုဖက်​တိုးဦး.."

ပြောရင်းနဲ့ ရန်ရီကျွင်းက ​​​သူ့ကိုယ်​​လုံး​လေးနဲ့ သူ့ကိုအတင်းတွန်း​နေသည်​။ ခန္ဓာကိုယ်​ချင်းကွာ​သည်​မလို့ သူသိပ်​ပင်​​ရွေ့မသွား.. ကျန်းရှန်​​ဝေး ရန်​ရီကျွင်းမမြင်​​အောင်​ ခိုးပြုံးလိုက်​ရင်း သူရန်​ရီကျွင်းဘက်​ကို ပြန်​တိုးလိုက်​တာ​ကြောင့်​ ဟို​ကောင်​​လေးပြုတ်​ကျလုလုပင်​ဖြစ်​သွားသည်​။

DESTINED [BL×OC]Where stories live. Discover now