သူငယ်​ချင်းအ​ဆောင်​သို့အလည်​တစ်​​ခေါက်

6.5K 782 10
                                    

အပိုင်း (၇)

ကျောင်းတက်​လာတာ တစ်​ပတ်​​ကျော်​​လောက်​ရှိ​တော့ Yan Yi Jun တစ်​​ယောက်​ Li hong Yi [လီဟုန်ရိ]​နှင့်​အ​တော်​​လေးပင်​ ရင်းနှီးလာသည်​။ Li Na တို့အဖွဲ့က သူ့ရဲ့​အေး​အေး​ဆေး​ဆေး​နေတတ်​တဲ့ ပုံစံနှင့်​ အ​တော်​​လေးပင်​ မကိုက်​တဲ့အပြင်​ Zhang Shen Wei ပါ ရှိ​နေသည့်​အတွက်​ သူ Li Hong Yi နှင့်​သာ ပို၍ အချိန်​ကုန်​ဖြစ်​သည်​။

" Yi Jun.. ငါ 02 စာအုပ်​ကျန်​ခဲ့လို့ အ​ဆောင်​သွားယူမလို့ လိုက်​ခဲ့ပါလား.."

နောက်​တစ်​ချိန်​မဝင်​ချိန်​ အား​နေသည့်​အချိန်​ဖြစ်​သည့်​အတွက်​ သူသီချင်းနား​ထောင်​​နေတုန်း Li Hong Yi က သူ့ကို လက်​တို့၍ ​မေးလာသည်​။

" အင်း..လိုက်​ခဲ့မယ်​​လေ..ငါလဲ မင်းအ​ဆောင်​မ​ရောက်​ဖူး​သေးတာနဲ့ အ​တော်​ပဲ.."

" မင်းတစ်​​ယောက်​ထဲ ​နေရတာ အဆင်​​ပြေရဲ့လား.. ​အ​ဆောင်​လာ​​နေရင်​​နေပါလား.အခန်း​လွတ်​​တွေ ကျန်​​သေးတယ်​..."

" ရပါတယ်ကွာ..​တစ်​​ယောက်​ထဲဆို​တော့ နည်းနည်း​တော့ ပျင်း​ပေမယ့်​ ​နေရတာ အဆင်​​ပြေပါတယ်​..."

" Beijing မှာ အမျိုး​တွေ မရှိဘူးလား.. "

" ဆိုပါ​တော့.. "

ကျောင်း​နောက်​ဖက်​ က ​ယောကျာ်း​လေးအ​ဆောင်​​ ဖက်​​တွေဆီ​ရောက်​​တော့ ဝရံဒါမှာလှန်းထားတဲ့ အဝတ်​​တွေရဲ့ အစီအရီ မြင်​ကွင်းက သူ့မြင်​ကွင်းထဲ တိုးဝင်​လာသည်​။

"အလဲ့.. အဝတ်​​တွေ လှန်းထားတာ ညီ​နေတာပဲ.."

" ​အေးမညီလို့လဲ မရဘူး​လေ..ဒီက အ​ဆောင်​မှူးက အရမ်းဇီဇာ​ကြောင်​တာ..အဝတ်​လှန်းရင်​လဲ ဖြစ်​သလို လှန်းလို့မရဘူး..ပြီး​တော့ ​ခြောက်​ရက်​သားနဲ့ မရုတ်​ပဲ ဝရံဒာမှာ ဒီအတိုင်းထားလို့လဲ မရဘူး..ဘယ်လို မှန်ကိုမသိတာ..အ​သေးအဖွဲ​တွေက အစ လာစည်းကမ်းထား​နေတာ.."

" ​ကျောင်းအ​ဆောင်ေ​တွက အဲ့ဒါပဲ.. အဲ့လိုကြီး​တော့ မ​နေချင်​ပါဘူး.."

" ကိုယ်​ပိုင်​တိုက်​ခန်း​လေးနဲ့ သူက​တော့ ​ပြောအားရှိတာ​ပေါ့​လေ.. ငါတို့က​တော့ မ​နေချင်​လဲ ဖျစ်​ညစ်​​နေရုံပဲ.."

DESTINED [BL×OC]Where stories live. Discover now