အချစ်​၌ဘယ်​လိုကျရှုံးကြမလဲ?

9.1K 985 198
                                    

အပိုင်း(၃၁)

Yan Yi Jun ရဲ့လည်​တိုင်​တစ်​​လျှောက်​စုပ်​နမ်း​နေရင်း Zhang Shen Wei တစ်​ကိုယ်​လုံးပူ​လောင်​လာသည်​။ ​လည်​ပင်းသား​လေး​တွေကို သူစိတ်​မထိန်းနိုင်​ပဲ ခပ်​ဖွဖွကိုက်​မိ​သည့်အခာ Yan Yi Jun [ရန်​ရီကျွင်း] ကိုယ်ေ​လးတုန်​ရီလာသည်​​။ သူဒီ​ကောင်​​လေးကို ထိ​တွေ့လိုက်​တိုင်း ထိ​တွေ့လိုက်​တိုင်းသူ့ခန္ဓာကိုယ်​က တစ်​စုံတစ်​ရာကိုပိုပို​တောင်းဆိုရင်း လှိုက်​​မော​လာသည်။ သူ​ကောင်​​လေးရဲ့ အကျီ​အောက်​ကို လက်​လျှိုဝင်​လိုက်​ရင်း ​ချော​မွေ့နူးညံ့​နေတဲ့ ​ကောင်​​လေးရဲ့ ဗိုက်​သားတစ်​​လျှောက်​ကို သူခပ်​ကြမ်းကြမ်းကိုင်​တွယ်​မိသည်​။သူလိုချင်​သည်​။ဒီ​ကောင်​​လေးတစ်​ကိုယ်​လုံးကို သူအပိုင်​လိုချင်​မိသည်​။ ​​​လောင်​မြိုက်​လာသည့်​ဆန္ဒတို့နှင့်​အတူ သူ့ရဲ့လက်​​ချောင်းသွယ်​သွယ်​တို့က ​ကောင်​​လေးရဲ့ ဝမ်းဗိုက်​သားဆီက​နေ ရင်​ဘတ်​က အဖုအသီး​လေးတစ်​​နေရာဆီ နယ်​ချဲ့လိုက်​မိသည်​။

"အင့်​...ဟင့်​...ဟင့်​.."

ငိုသံကြားလို့ သူကြည့်​လိုက်​မိ​တော့.. ကောင်​​လေးရဲ့ ပါးပြင်​မှာ မျက်​ရည်​တို့စိုရွှဲ​နေခဲ့သည်​။ မျက်​လုံး​တွေကို​ကြောက်​ရွံတကြားမှိတ်​ထား​ပေမယ့်​ မျက်​ရည်​​စတွေက ပါးပြင်​တစ်​​လျှောက်​။တဆတ်​ဆတ်​တုန်​​နေသည့်​ ​ကောင်​​လေးအဖြစ်​ကို သတိထားမိလိုက်​မှ Zhang Shen Wei ရင်​ထဲနင့်​ခနဲဖြစ်​သွားရင်း​သူဖမ်းဆုပ်​ထားတဲ့ ​ကောင်​​လေးရဲ့ လက်​​တွေကို ​ယောင်​ယမ်းလွှတ်​​ပေးလိုက်​မိသည်​။

ကောင်​​လေးက အခန်း​ထောင့်​မှာ ကျုံ့ကျုံ့​လေးထိုင်​ချပစ်​ရင်း သူ့ကိုထူးထူးဆန်းဆန်းအကြည့်​​တွေနဲ့ ကြည့်​လာသည်​။ ထိုအကြည့်​​တွေထဲမှာ ​ကြောက်​ရွံ့မှု​တွေပါသည်​။ အမုန်းတရား​တွေပါသည်​။ သူ​ကောင်​​လေးဆီကို လက်​လှမ်းလိုက်​​တော့ တုန်​တက်​သွားရင်း သူ့လက်​ကိုပုတ်​ထုတ်​လာသည်​။

"တောင်းပန်​ပါတယ်​..ကိုယ်...​​စိတ်​လွတ်​သွားတာ.."

"သွား...သွား...ကျွန်​​တော့်​အနားကပ်​မလာနဲ့.."

DESTINED [BL×OC]Where stories live. Discover now