ငြိမ်းချမ်း​ရေးမမည်​တဲ့ငြိမ်းချမ်း​ရေး

5.9K 749 16
                                    

အပိုင်း(၁၂)

အခု​လေးတင်​ ​ရေ​နွေးထည့်​လာတဲ့ ​ခေါက်​ဆွဲဘူးကို ခုံ​ပေါ်တင်​လိုက်​ရင်း ရန်ရီကျွင်း ​​Tv ​ရှေ့က ကြမ်းပြင်​​ပေါ်မှာ အ​သေအချာ​နေရာယူလိုက်​သည်​​။ သူဇာတ်​ကား​တွေဘာ​တွေ စွဲကြည့်​​လေ့မရှိတာမလို့ Tv မှာကြုံရာလာ​နေတဲ့ အစီအစဉ်​ကိုပဲကြည့်​​နေလိုက်​သည်​။ ​ခေါက်​ဆွဲဘူးကို တချက်​​​မွှေလိုက်​ပြီး ​ခေါက်​ဆွဲသားမပွ​သေးတာမလို့ သူအဖုံးပြန်​ဖုံးလိုက်​သည်​။ည​နေစာကို ​ခေါက်​ဆွဲနှင့်​ပဲညား​နေတာ ရက်​ဆက်​နီးပါးပင်​ရှိ​တော့မည်​။ ကိုယ်​တိုင်​လဲ ဟင်းေ​တွဘာ​တွေ မချက်​တတ်​သည့်​အတွက်​ ဒုက္ခ​တော့အ​ရောက်​သား.. ​ခောက်ဆွဲပြုတ်စားဖြစ်သည့်အခာတိုင်း ​​​​​LAက အိမ်​​ဖော်​အန်​တီကြီးကို မဆီမဆိုင်​သွား သတိရတတ်​သည်​။ သူမက နိုင်​ငံခြားသူဆို​ပေမယ့်​ အ​ရှေ့တိုင်းဟင်း​တွေကို ​ကောင်း​ကောင်းကြီးချက်​တတ်​တာမလို့ သူမလက်​ရာဆိုလျှင်​သူအ​တော်​သ​ဘောကျသည်​။

အခု​တော့​ရော..? ​တိတ်​ဆိတ်​​နေသည့်​အိမ်​ထဲမှာ ​ခေါက်​ဆွဲတစ်​ဘူးနှင့်​ နှစ်​ပါးသွား​နေရတာ အ​တော်​​တော့စိတ်​ညစ်​စရာ​ကောင်း​ပေမယ့် ​သူအထီးကျန်​သည်​လို့​တော့ မခံစားမိ.. အရင်​ထဲက တစ်​​ယောက်​ထဲလိုလိုဖြစ်​​နေတာများ​တော့ ဒီလိုအ​ခြေအ​နေမျိုးကို သူကျင့်​သားရသွားတာ ဖြစ်​နိုင်​ပါသည်​။

" 🎶🎶🎵🎼🎼🎼🎶🎵🎼"

သူ​ခေါက်​ဆွဲစားမလို့ လုပ်​တုန်းထွက်​လာတဲ့ လူ​ခေါ်ဘဲလ်​ရဲ့တီးလုံးသံ​ကြောင့်​ သူ​ခေါင်းတစ်​ချက်​ကုတ်​လိုက်​သည်​။

" ဒီအချိန်​ကြီးကြမှ ဘယ်​သူလဲဟ.."

Monitor က​နေ LiNa ကိုသူမြင်​လိုက်​​တော့ Yan Yi Jun မျက်​ခုံးများတွန့်​ချိုးသွားသည်​။ သူတံခါးသွားဖွင့်​​ပေးရင်း LiNaကို စူပုတ်​ပုတ်​ကြည့်​လိုက်​သည်​။

" ည​နေစာစားပြီးပြီလား XiaoJun..mamaက နင့်​အတွက်​သူလုပ်​ထားတဲ့ အ​ခြောက်​အခြမ်း​တွေ လာပို့ခိုင်းလိုက်​လို့.."

လက်​ထဲက ဘူးကြီး​ဘူးငယ်​တို့ကို ​မြှောက်​ပြရင်း ပြုံးဖြီးဖြီးလုပ်​​နေတဲ့ LiNa​ကြောင့်​သူတစ်​ချက်​မျက်​​စောင်းထိုးလိုက်​သည်​။

DESTINED [BL×OC]Where stories live. Discover now