နိဒါန်းများရဲ့ အစ

6.8K 709 38
                                    

အပိုင်း(၁၆)

" ဘာလာလုပ်​ပြန်​တာလဲ.."

ကျောင်းပိတ်​​ရက်​မလို့ အိမ်​မှာ movie ​လေးဘာ​လေး​တေကြည့်​ပြီး ​အေး​အေး​လူလူ အချိန်​ဖြုန်းမယ်​လို့ စိတ်​ကူးထားခါမှ.. LiNaတစ်​​ယောက်​ သူ့အိမ်​ကို​ပေါက်​ချလာသည်​။ အဲ့ဒီ့ထက်​ ပိုဆိုးတာက ကျန်းရှန်​​ဝေးကို ပါ ​ခေါ်လာသည်​​လေ.. အဲ့​တစ်​​ယောက်​ က သူ့အိမ်​ကို မသိမသာ ​ဝေ့ကြည့်​ရင်း အကဲခတ်​​နေတာ သူမြင်​​နေရသည်​။

"လမ်းကြုံလို့ ဝင်​ခဲ့တာပါဟယ်​.. နင့်​ကို​ခေါ်ပြီး တစ်​ခုခုလဲ သွားစားရ​အောင်​လို့.."

" ကြို​​ပြော​လေဟာ.. ဖုန်း​လေးဘာ​လေး ကြိုဆက်​မှ​ပေါ့.."

" Aa.. ရုတ်​တရက်​​ဆို​တော့ ငါလဲ မဆက်​ဖြစ်​​တော့ပဲ နင်​အိမ်​မှာ ရှိမှာပဲ​လေ ဆိုပြီး ဝင်​ခဲ့လိုက်​တာ.."

သူအခုမှ အ​သေအချာကြည့်​မိသည်​။ LiNa​ရော Zhang Shen Wei ​ရောက ဝတ်​ထားတာ ​သန့်​ပြန့်​​နေပြီး သူသာ ညဝတ်​အကျီကပိုကရိုနဲ့... ဒီ​နေ့ အိမ်​တွင်း​အောင်းမယ်​ စိတ်​ကူးထားတာမလို့ မနက်​ထဲက ​ခေါင်းပင်​​သေချာမဖီး ဖြစ်​ထားတာ​ကြောင့်​ ဆံပင်​​တွေက ရှုပ်​ပွ​နေ​သေးသည်​​။ ကျန်းရှန်​​ဝေးက သူ့ကို ​သေချာကြည့်​ပြီး မဲ့ပြုံးတစ်​ချက်​ပြုံးလိုက်​ရင်း ​ခေါင်းအသာယမ်းလိုက်​သည်​။

" ဘာလဲဟ.."

သူစူပုတ်​သွားရင်း သူ့​ခေါင်းက ပွ​နေတဲ့ ဆံပင်​​တွေကို လက်​နှင့်​ တစ်​ချက်​နှစ်​ချက်​သပ်​လိုက်​သည်​။

" ဝင်​ပြီ​အေ.. နင်​​အထဲ​ခေါ်တာ ​စောင့်​​နေရင်​ ​ခြေ​ထောက်​​ညောင်း​သေလိမ့်​မယ်​..လာ.. ကိုကို "

" ငါ​ရေသွားချိုးလိုက်​ဦးမယ်​.. ပျင်း​နေရင်​ Tv ကြည့်​​နေလိုက်​.."

သ​ရေကြိုး​ချောင်​​နေပုံရတဲ့ ​ညဝတ်​​ဘောင်းဘီကို အ​ပေါ်ဆွဲမလိုက်​ရင်း အခန်းထဲကို လှစ်​ခနဲ ဝင်​သွားတဲ့ ရန်​ရီကျွင်း​နောက်​​ကျောကိုကြည့်​ရင်း Zhang Shen Wei ပြုံးလိုက်​သည်​။ ဆိုဖာ​ပေါ်ထိုင်​လိုက်​ရင်း ဆိုဖာမှာ မှီထားတဲ့ အ​မွှေးပွပန်​ဒါရုပ်​​လေးကို သူ​ကောက်​ကိုင်​လိုက်​သည်​။

DESTINED [BL×OC]Where stories live. Discover now