ချောက်​ကမ်းပါးအစွန်းရပ်​​နေရသလို

6.7K 774 79
                                    

အပိုင်း(၂၂)

ည​နေ​စောင်းအချိန်​မို့ အပူဓာတ်​က အနည်ငယ်​​လျော့သွားပြီး တိုက်​ခတ်​​နေတဲ့ ​လေ​လေး​တွေကပါ ​အေးမြလာသည်​။သူရယ်​.. LiNa ရယ်​.. Zhang Shen Wei [ကျန်းရှန်ေ​​ဝး] ရယ်​က ခြံဝင်းထဲက အဝိုင်းခုံ​လေး​ပေါ်တွင်​ အတူရှိ​နေကြသည်​။လေညင်း​လေးက တိုက်​ခတ်​​နေတာမလို့ ခြံဝင်းတစ်​ခုလုံးမှာ စိုက်​ထားတဲ့ ပန်းမျိုးစုံရဲ့ ရနံ့တို့က တစ်​ချက်​တစ်​ချက်​မှာ နှာဖျားကို လာကျည်​စယ်​​နေကြသည်​။ သာမန်​အချိန်​ဆို သူဒီလိုအခိုက်​အတန့်​မျိုးကို မြတ်​နိုးမိမှာ အမှန်​ဖြစ်​​ပေမယ့်​ အခု​တော့ သူ့စိတ်​​တွေ ​လေးပင်​ပြီး ရှုပ်​​ထွေး​နေသည်​။ Zhang Shen Wei မျက်​နှာကို ကြည့်​မိတိုင်းလဲ ​ဒေါသနှင့်​အတူ ရှက်​စိတ်​တို့က တရိပ်​ရိပ်​တက်​လာစမြဲ..မုန်းသည်​။ အဲ့တစ်​​ယောက်​မျက်​နှာကို ကုတ်​ခြစ်​ပစ်​ချင်​သည်​အထိ အမြင်​ကတ်​မိသည်​။ သူနဲ့ လုံးဝ မျက်နှာ​ချင်းမဆိုင်​​ချင်ေ​ပမယ့်​ LiNa နဲ့အတူ နှစ်​​ယောက်​ထဲ ထားလို့လုံးဝမဖြစ်​သည့်​အ​ခြေအ​နေမလို့ သူပါ ဒီမှာ ရှိ​နေရ​တော့သည်​။ Zhang Shen Wei ဘာ​တွေ ကြံ​နေသလဲဆိုတာ သူကြိုတင်​မသိနိုင်​... မနက်​က ကိစ္စပြီးထဲက Zhang Shen Wei သူ့ကို ဘာမှထပ်​မ​ပြောသလို ​မေးခွန်းတစ်​ခုမှလဲ ထပ်​မ​မေး​ပေမယ့်​ LiNa နဲ့​တွေ့တိုင်း သူ့အ​ကြောင်း LiNa ကို ​ပြော​တော့မလို ​ပြော​တော့မလို ပုံစံလုပ်​နေသည်​။ သူအလန့်​တကြားဖြစ်​သွားတိုင်းလဲ ​သောက်​မြင်​ကတ်​ချင်စ​ရာ အပြုံးမျိုးနဲ့ ​လှောင်​ပြုံးပြုံးပြ စမြဲ..

အား!! ဘာလို့သူမှလဲ.. ဘာလို့ အကုန်​သိသွားတဲ့ သူက သူဖြစ်​​နေတာလဲ..

" Xiao Jun..[​ရှောင်​ကျွင်း] အသီးစားဦး​လေ.."

" အင်း.."

သူ​လေးပင်​စွာနဲ့ ​ခေါင်းငြိမ့်​လိုက်​ရင်း ​လေပူများကို မှုတ်​ထုတ်​လိုက်​သည်​။ အခုလဲ Zhang Shen Wei က​သူ့ကိုကြည့်​ရင်း ယဲ့ယဲ့​လေးပြုံး​နေပြန်​သည်​။

" Umm.. ငါနင့်​ကို​ပြောစရာတစ်​ခုရှိတယ်​ Bae.."

Zhang shen Wei အသံ​ကြောင့်​ Yan Yi Jun[ရန်​ရီကျွင်း] ဆတ်​ခနဲခါးမတ်​သွားပြီး နားအလိုလို စွင့်​မိရက်​သားဖြစ်​သွားသည်​။

DESTINED [BL×OC]Where stories live. Discover now